Monday 17 December 2012

ပြည့်ဖြိုးမြဲ စွမ်းအင်Solar Systemဖြင့် လျှပ်စစ်စွမ်းအင် အသုံးပြု

သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်ထိန်း သိမ်းသော အားဖြင့်  ပြည့်ဖြိုးမြဲ စွမ်းအင် (Solar) စနစ်ဖြင့် လျှပ်စစ်စွမ်းအင်ကို ရရှိအသုံးပြုနိုင်ရန် ရည်ရွယ် ၍  London Berlin အခြေစိုက် Relitec Co.,Ltd. ၏ ပြည့်ဖြိုးမြဲ စွမ်းအင်  (Solar System) အသုံးပြုနည်း စနစ် ရှင်းလင်းပွဲ အခမ်းအနားကို  ယမန်နေ့ နံနက် ၉ နာရီက ထားဝယ်မြို့ အနောက်ရပ် ပဒေသာ ဓာတ်ပုံ တိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် Relitec Co., Ltd.မှ ဒါရိုက်တာ Mr.Richard Schlicht နှင့် ဦးသန်းအေး တို့က (Solar) အိမ်သုံးစနစ်၊ (Solar)နှင့် ဒီဇယ်အင်ဂျင် နှစ်မျိုးတွဲသုံးသော စနစ်၊ နေရောင် ခြည် စွမ်းအင် အပါအဝင် ဘက်ထရီနှင့် မီးစက်တွဲသုံးသော စနစ်၊ Solar နှင့် လျှပ်စစ်စွမ်းအားပေါင်းပြီး အသုံးပြုပုံ နည်း စနစ်၊ နေရောင်ခြည် စွမ်းအင်သုံး အကြီးစားစီမံကိန်းနှင့် UPSစနစ် တို့ကို ပရိုဂျက်တာဖြင့် ပြသ၍ စာတွေ့လက်တွေ့ ရှင်းလင်းသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့် အီလက်ထရွန်နစ် လုပ်ငန်းရှင်များ၊ ဒေသခံ ပြည်သူများ စိတ်ဝင်တစား တက်ရောက် လေ့လာကြသည်။ အဆိုပါ Solar System ကို  ဗြိတိန် နိုင်ငံ  လန်ဒန်အခြေစိုက် Relitec Co.,Ltd. မှ ထားဝယ်မြို့ အနောက်ဘက်ရှိ  ပဒေသာဓာတ်ပုံတိုက်သို့ တပ်ဆင် ပေးထားပြီး ကနဦး ကုန်ကျ စရိတ်မှာ အမေရိကန် ဒေါ်လာ ရှစ်သောင်း (ငွေကျပ် သိန်း ၆၈ဝ ခန့်) ကုန်ကျကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment