Monday 17 December 2012

LED နှင့် LCD TV များတွင် Panel ထိခိုက် ပျက်စီး၍ ပြုပြင်ပါက ဈေးနှုန်း မြင့်မားသဖြင့် ပြုပြင်သူ မရှိ သလောက် နည်းပါး

LED နှင့် LCD TV များတွင် Panel ထိခိုက် ပျက်စီး၍ ပြုပြင်ပါက ဈေးနှုန်း မြင့်မား သဖြင့် ပြုပြင်သူ မရှိ သလောက် နည်းပါး သည်ဟု သိရသည်။ Panel မှာ LED နှင့် LCD TV များအတွက် အဓိက အစိတ် အပိုင်း ဖြစ်သည့် အပြင်ပျက်စီး၍ သွားရောက် ပြုပြင် ပါက အသစ်ဈေး နီးပါးခန့် ရှိသဖြင့် လဲလှယ်မှု မပြုတော့ ဘဲ အသစ် တစ်လုံးသာ ၀ယ်သူများ သည်ဟု LED နှင့် LCD TV များရောင်း ချသည့် ဆိုင်များ မှပြောသည်။
 “LED နဲ့ LCD TV တွေမှာ Panel နဲ့ Circuit ပဲပါတယ်။ Panel ပျက်လို့လဲရရင် ဈေးတော်တော်ကြီးတယ်။ TV ဈေးက ၃ သိန်းလောက်ဆို Panel ပျက်လို့လဲရင် ၂ သိန်းလောက်ကျတော့ ၀ယ်ယူထားတဲ့သူ တော်တော် များများက ပြန်ပြင်မနေဘဲ အသစ်တစ်လုံးပဲ ထပ်ဝယ်ကြတယ်” ဟုTMW Enterprise မှ ကိုနေမင်းသူ ကပြောသည်။ LED နှင့် LCD TV များတွင် လက်မကြီး TV များ Panel ထိခိုက်ပျက်စီးပါက ဈေးနှုန်းပိုကြီးသည်ဟု သိရသည်။ “ကျွန်တော် ၅၂ လက်မ LED TV ၀ယ်ထားတယ်။ ၀ယ်တုန်းက သိန်း ၅၀ ကျော်ပေးရတယ်။ အခု Panel ပျက်လို့ လာလဲ ကြည့်တော့ ၁၇သိန်းလောက် ကျမယ်ပြောတယ်။ ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး” ဟု ကိုယ်တွေ့ ကြုံတွေ့နေသူ ကိုနေလင်းကပြောသည်။ LED နှင့် LCD TV များတွင် Panel မှာပျက်ခဲသည်ဟု သိရပြီး Panel ပေါ်သို့ အရည်ကျခြင်း၊ အပြောင်းအရွှေ့တွင် ထိခိုက်မှုရှိခြင်းတို့ကြောင့် ပျက်တတ်သည်။ အရည် တွင် ကြောင်သေးသည် အဆိုးဆုံးဖြစ်ပြီး ကြောင်သေးထိပါက ပြုပြင်ရန်ခက်ခဲသည်ဟု သိရသည်။ စက်ရုံမှ အမှားကြောင့် ပျက်စီးသည်မှာ အလွန်ရှားပါးပြီး အလုံး ၁၀၀  တွင် ၁ လုံးလောက်သာ တစ်နေရာမှ တစ်နေ ရာသို့ သယ်ယူရာတွင် ဖြစ်တတ်ကြောင်း သိရသည်။ LED နှင့် LCD TV များတွင် LCD TV က Panel ထိခိုက်ပျက်စီးမှု ပိုများသည်ဟု သိရသည်။
Ref : Myanmarinternetjournal

No comments:

Post a Comment