Monday 17 December 2012

နယ်စပ်ဒေသများတွင်မူးယစ်ဆေးဝါးများအလွယ် တကူဝယ်ယူရရှိနေ

မြန်မာနိုင်ငံနယ်စပ်ဒေသ များတွင်မူးယစ်ဆေးဝါးများအလွယ်တကူဝယ်
ယူရရှိနေခြင်းကြောင့် လူငယ်များ ပျက်စီးနေကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ ကိုမင်းမင်းလတ်မှ တမူးမြို့တွင် မူးယစ်ဆေးဝါးများ အလွယ်တကူဝယ်ယူရရှိနေခြင်းအား၂၀၁၂ခုနှစ် ဒီဇင်ဘာလ၁၂ရက်ကရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့တွင် ပြုလုပ်ခဲ့သော မြန်မာယုတ်ဒ်ဖိုရမ်၌ပြောကြား
ရာတွင်     ““ကျွန်တော်တို့တမူးမြို့လေးဟာ  အိန်္ဒိယနဲ့မြန်မာနယ်စပ်မြို့ကလေး တစ်ခုဖြစ်ပါတယ်။

အဲမှာ နယ်စပ် ဒေသနဲ့ပတ်သက်လို့ တော်တော် များများ သတင်းတွေ၊ဂျာနယ်တွေ   မှာ ဖတ်ရတာ နယ်စပ် ခြံစည်းရိုး   မလုံခြုံဘူး ဘာညာပြောကြတယ်။  ခြံစည်းရိုးမလုံခြုံဘူးဆိုတာထက် ဘာခြံစည်းရိုး မှလည်းမရှိဘူး။ ဘာခြုံတောမှလည်းမရှိဘူး။

 ဟို ဘက်နဲ့ဒီဘက် ၂၄ နာရီဝင်ထွက်   သွားလာလို့ရတယ်။အဲမှာဘာတွေဲဖြစ်နေလဲဆိုတော့ အိန်္ဒိယရဲ့ နယ်စွန် နယ်ဖျား အဲမှာ မနီပိုမြို့ဆိုရင်  ကချင်ပြည်နယ်လိုပဲ ကသဲ သူပုန်  တွေသောင်းကျန်းနေ တယ်။

အဲ အခါမှာ သူပုန်တွေသောင်းကျန်း   ရင်ဖြစ်တတ်တဲ့အတိုင်း မူးယစ် ဆေးဝါးဆိုတာ လူတွေရဲ့ စား သောက် ကုန်လိုပဲပေါ့။မူးယစ်ဆေး ၀ါးသုံးစွဲတဲ့အခန်းတွေဆိုတာလည်း   အများကြီးရှိတယ်။

 နှစ်ထပ်အိမ်     တွေဆိုတာလည်း အများကြီးရှိ တယ်။ အဲဒီလိုဖြစ်တဲ့အတွက် လူ ငယ်တွေက ဒီလိုနေရာ မျိုးမှာ  သွားရောက် သုံးစွဲတယ်။

 ပြန်လာတယ်။ဘယ်သူမှလည်း ဖမ်းလို့မရ ဘူး။ မြန်မာပြည်ထဲမှာ သုံးစွဲတာ မဟုတ်တာ””ဟု အထက်ပါ ပုဂ်္ဂိုလ်မှ ဆက်လက်ပြောကြားသည်။

““မြန်မာနိုင်ငံမှာ တစ်ခါမှမ ကြုံဖူးတဲ့ကိစ္စတစ်ခုကိုပြောပြချင် ပါတယ်။အဲဒီမှာ နံပတ်ဖိုးကို ၅၀၀  ဖိုးဝယ်လို့ ရပါတယ်။ မြန်မာကျပ် ငွေငါးရာပါ။ဒါဟာ ဘယ်နိုင်ငံမှာ  မှမရှိပါဘူး။

ကျွန်တော်တို့မြို့မှာ အခြေခံလူတန်းစားသာမန်ကလေး   တစ်ယောက်ကမုန့်ဖိုး ၅၀၀ရတယ်။    အိန်္ဒိယ နယ်စပ်ကို သွားတယ်တဲ့ အဲ ၅၀၀ဖိုး အားလုံးကို နံပတ်ဖိုးထိုးပါတယ်။ ဘယ်လောက်ထိ အောင်လုံခြုံ စိတ်ချရမှု ရှိလဲဆို တော့ နှစ်ထပ်အိမ်တွေအများကြီး     ရှိ တယ်။အေးအေးဆေးဆေးထိုးလို့ရတယ် ဖမ်းမယ် လူမရှိဘူး။ ဘာနယ်စပ်စစ်ဆေးမှုမှလည်းမရှိ ဘူး။ သွားလိုက်ပြန်လိုက်လုပ်ရုံပဲ။   ဒီတော့ ဘာဖြစ် လာလဲ ဆိုတော့ မူးယစ်ဆေးဝါးဆိုတာ သာမန်ပဲကြီးလှော် စားနေသလိုပဲ လိုအပ်တဲ့ အချိန်သွားသွားပြီး လုပ်နေကျတယ်။

 လူငယ် ၁၀၀ရာခိုင်နှုန်း  မှာ ၈၀ရာခိုင်နှုန်းက မူးယစ်ဆေး ၀ါးဆိုတာကို ချစ်စရာလိုသုံးစွဲနေ ကြတယ်။ ဒီလို သုံးစွဲနေတဲ့အတွက်   လူငယ်တွေဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲ နယ်စပ်ဒေသ တစ်ခုဖြစ်သည့် အတွက်တရားမ၀င်  မှောင်ခိုမှုတွေကလည်း အများကြီး  ပဲ။

ဒါကိုဘယ်ပြောရမလဲဆိုတော့    တရားဥပဒေစိုးမိုးမှုမဏ္ဍိုင်က ချိန် ခွင်လျှယမညီမျှတဲ့အတွက် ဒီမှောင် ခိုမှုတွေကို ပပျောက်အောင် မလုပ် နိုင်ဘူး။ဒီလို မူးယစ်ဆေးဝါးကို လွယ်လွယ်ရတဲ့အတွက် မိမိသုံးစွဲ   ပြီးရင် အခြားလူကို ဆွယ်မယ် ““သူ ငယ်ချင်းရေ မင်းလာခဲ့””သူ့မှာ ၂၀၀၀ရှိရင် မသုံးစွဲ ချင်တဲ့ လူကို ခေါ်သွားမယ်။သူ၁၅၀၀ဖိုးသုံးစွဲ ရင် ကိုယ်၅၀၀ဖိုးသုံးစွဲလို့ရသွား  ပြီ။ ဒီလိုနည်းနဲ့ လူငယ်တွေ အများ ကြီးပျက်စီးနေတယ်””ဟု ပြော ကြားခဲ့သည်။

Hot News Weekly

No comments:

Post a Comment