Monday 17 December 2012

သမ္မတ ဦးသိန်းစိန်အား ၂ဝ၁၂ ခုနှစ် အတွက် ထူးချွန် ထင်ရှား အာရှသား အဖြစ် စထရိတ်စ် တိုင်းမ်စ် သတင်းစာက ရွေးချယ်

သမ္မတ ဦးသိန်းစိန်အား ၂ဝ၁၂ ခုနှစ် အတွက် ထူးချွန် ထင်ရှား အာရှသား အဖြစ် စထရိတ်စ် တိုင်းမ်စ် သတင်းစာက ရွေးချယ်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား စထရိတ်စ် တိုင်းမ်စ် သတင်းစာက ၂ဝ၁၂ ခုနှစ်အတွက် ထူးချွန်ထင်ရှား အာရှသားအဖြစ် ရွေးချယ် လိုက်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မြန်မာ နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြောင်းလဲ မှုများကို ရှေ့တန်းမှ ဦးဆောင်သူ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အပေါ် နိုင်ငံ အများစု၏ ရှုမြင် သုံးသပ်မှု များကို အပြောင်း အလဲ ဖြစ်စေ ခဲ့သော ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း၊ ထိုပြောင်းလဲမှု များ၏ အကျိုးရလဒ် များသည် ကမ္ဘာ တစ်ဝန်းလုံးကို အံ့အားသင့် စေခဲ့ပြီး သမ္မတ ဦးသိန်းစိန်၏ ရိုးသားမှု များကို ဒေါ်အောင်ဆန်း စုကြည်၏ အသိ အမှတ်ပြု ထောက်ခံမှု များကိုပင် ရရှိခဲ့ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်တော် အမတ်အဖြစ် ဝင်ရောက် ရွေးချယ် ခံစေရန်၊ အနောက် နိုင်ငံများ၏ ပိတ်ဆို့ အရေးယူ မှုများကို ဖယ်ရှား စေရန်နှင့် ကမ္ဘာ တစ်ဝန်းမှ ရင်းနှီး မြှုပ်နှံ သူများက မြန်မာ နိုင် ငံ ကို ပိုမို စိတ်ဝင်စား စေရန်လည်း စွမ်းဆောင် နိုင်ခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ စွမ်းဆောင်ချက် များသည် မြန်မာနိုင်ငံ အတွက် မဟာဗျူဟာ အခွင့်အလမ်း သစ်များကို ပေါ်ထွန်းစေပြီး အရှေ့တောင် အာရှအတွက် သာမက ထို့ထက် ကျယ်ပြန့်သော အာရှတိုက် တစ်ဝန်းကို ကောင်းကျိုး သက်ရောက် စေနိုင်မည့် လုပ်ငန်းများကို ဖော်ဆောင် နိုင်ခဲ့ကြောင်း၊ သဘာဝ သယံဇာတ ကြွယ်ဝ သော်လည်း စီးပွားရေးတွင် နောက်ကျ ခဲ့ရသော သန်းချီသည့် မြန်မာ လူထု ကို ဆင်းရဲ နွမ်းပါးမှုမှ ဆွဲတင် နိုင်စေမည့် အခွင့် အရေးကို ဖန်တီး ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ''ဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေကြောင့် မြန်မာ နိုင်ငံဟာ သတင်းတွေ ထဲမှာ ပြန်ပါ လာပါ တယ်။ ဒီတစ်ခါတော့ ကောင်းသတင်း တွေပေါ့။ သူ့ရဲ့ ရဲရင့် ပြတ်သားတဲ့ လုပ်ရပ်တွေက သူ့ရဲ့ ပြည်သူတွေကို တခြားအာရှ နိုင်ငံတွေနဲ့ တန်းတူ ခေတ်မီ ဖွံ့ဖြိုး တိုးတက်မှုဆီ ချီတက် နိုင်စေမယ့် မျှော်လင့်ချက်ကို ပေးနိုင်ပါ လိမ့်မယ်''ဟု စထရိတ်စ် တိုင်းမ်စ် သတင်းစာ၏ စာတည်း တစ်ဦးဖြစ်သူ ဝါရင်း ဖာနန်ဒက်၏ ပြောစကား ကိုလည်း ကိုးကား ဖော်ပြထားသည်။

နှစ်စဉ် ဒီဇင်ဘာ လတိုင်း ကြေညာ လေ့ရှိသည့် တစ်နှစ်တာ ထူးချွန်ထင်ရှား အာရှသား ဆုသည် မိမိ၏ နိုင်ငံ သို့မဟုတ် ပိုမို ကျယ်ပြန့်သော ဒေသမှ လူများ၏ ဘဝများ ပိုမို သာယာ လှပစေရန် စွမ်းဆောင် ပေးနိုင်သည့် လူပုဂ္ဂိုလ် အဖွဲ့ အစည်းများကို ချီးမြှင့်မည့်ဆု ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။                                                  

(အမ်အန်အေ၊ စထရိတ်စ် တိုင်းမ်စ်)

http://www.myawady.net.mm/allnews/headline/item/1970-2012-12-17-08-16-22ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန် အား စထရိတ်စ်တိုင်းမ်စ် သတင်းစာက ၂ဝ၁၂ ခုနှစ်အတွက် ထူးချွန် ထင်ရှား အာရှသားအဖြစ် ရွေးချယ် လိုက်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် မြန်မာ နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြောင်းလဲမှုများကို ရှေ့တန်းမှဦးဆောင် သူ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံအပေါ် နိုင်ငံအများစု၏ ရှုမြင်သုံးသပ်မှုများကို အပြောင်း အလဲ ဖြစ်စေခဲ့သော ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း၊ ထိုပြောင်းလဲမှု များ၏ အကျိုးရလဒ်များသည် ကမ္ဘာတစ်ဝန်းလုံးကို အံ့အား သင့် စေ ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၏ရိုးသားမှုများကို ဒေါ်အောင်ဆန်းစုကြည်၏ အသိအမှတ်ပြု ထောက်ခံမှုများ ကိုပင် ရရှိခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်အမတ်အဖြစ် ဝင်ရောက် ရွေးချယ်ခံစေ ရန်၊ အနောက် နိုင်ငံများ၏ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှား စေရန်နှင့် ကမ္ဘာတစ်ဝန်းမှ ရင်းနှီး မြှုပ်နှံ သူများက မြန်မာ နိုင် ငံ ကို ပိုမို စိတ်ဝင်စား စေရန်လည်း စွမ်းဆောင် နိုင်ခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ စွမ်းဆောင်ချက်များသည် မြန်မာနိုင်ငံအတွက် မဟာဗျူဟာ အခွင့်အလမ်း သစ်များကို ပေါ် ထွန်းစေပြီး အရှေ့တောင်အာရှအတွက် သာမကထို့ထက် ကျယ်ပြန့်သော အာရှတိုက် တစ်ဝန်း ကို ကောင်းကျိုး သက်ရောက် စေနိုင်မည့် လုပ်ငန်းများကို ဖော်ဆောင် နိုင်ခဲ့ကြောင်း၊ သဘာဝ သယံဇာတ ကြွယ်ဝ သော်လည်း စီးပွားရေးတွင် နောက်ကျ ခဲ့ရသော သန်းချီသည့် မြန်မာ လူထုကို ဆင်းရဲ နွမ်းပါးမှုမှ ဆွဲတင် နိုင်စေမည့် အခွင့် အရေးကို ဖန်တီး ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ''ဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေကြောင့် မြန်မာ နိုင်ငံဟာ သတင်းတွေထဲမှာ ပြန်ပါလာပါတယ်။ ဒီ တစ်ခါတော့ ကောင်းသတင်း တွေပေါ့။ သူ့ရဲ့ ရဲရင့် ပြတ်သားတဲ့ လုပ်ရပ်တွေက သူ့ရဲ့ ပြည်သူတွေကို တခြားအာရှ နိုင်ငံတွေနဲ့ တန်းတူ ခေတ်မီဖွံ့ဖြိုး တိုးတက်မှုဆီ ချီတက် နိုင်စေမယ့် မျှော်လင့်ချက် ကို ပေးနိုင်ပါ လိမ့်မယ်''ဟု စထရိတ်စ်တိုင်းမ်စ် သတင်းစာ၏ စာတည်း တစ်ဦးဖြစ်သူ ဝါရင်း ဖာနန်ဒက် ၏ ပြောစကား ကိုလည်း ကိုးကား ဖော်ပြထားသည်။

နှစ်စဉ် ဒီဇင်ဘာလတိုင်း ကြေညာ လေ့ရှိသည့် တစ်နှစ်တာ ထူးချွန်ထင်ရှား အာရှသားဆုသည် မိမိ၏ နိုင်ငံ သို့မဟုတ် ပိုမိုကျယ်ပြန့်သော ဒေသမှလူများ၏ ဘဝများ ပိုမို သာယာ လှပစေရန် စွမ်းဆောင် ပေးနိုင်သည့် လူပုဂ္ဂိုလ် အဖွဲ့ အစည်းများကို ချီးမြှင့်မည့်ဆု ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

(အမ်အန်အေ၊ စထရိတ်စ် တိုင်းမ်စ်)

No comments:

Post a Comment