Monday 17 December 2012

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု အမယ်သစ်များ တိုးမြှင့်

မြန်မာနှင့် အိန္ဒိယ နိုင်ငံ၏ နယ်စပ် ကုန်သွယ်မှု ကုန်ပစ္စည်း စာရင်းသစ် များကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်း တိုးမြှင့်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။
ပျမ်းမျှအားဖြင့် တမူးနယ်စပ် မှတစ်ဆင့် အိန္ဒိယ နိုင်ငံသို့ ကွမ်းသီး၊ ချင်းပဲ (ပဲယင်း)၊ ရာသီသီးနှံ၊ ပန်းသီး၊
သရက်သီး၊ ကုလားပဲလုံးဝါ၊ မတ်ပဲ၊ ငရုတ်သီးခြောက်၊ နမ့်ဖာလုံ ကုန်စုံများကို တင်ပို့လျက် ရှိပြီး အိန္ဒိယ နိုင်ငံမှ ပရဆေး ကုန်ကြမ်း၊ ဆောင်းမေခါး၊ တောင်လုံးကျော်၊ ဇာတိဖိုလ်သီး၊ မင်သော်၊ ရှိန်းခို၊ ဟင်းရိုင်းဖြူ၊ ကတ္တရာ သင်္ချေ၊ အုန်းဆီ၊ စပျစ်သီးခြောက်၊ Bentnovate-N ယားနာ ပျောက်ဆေးနှင့် Transit Trade ကုန်များ တင်သွင်းလျက် ရှိကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနမှ  ရရှိသော စာရင်းများ အရ  သိရသည်။
တမူး နယ်စပ်မှ  အသစ်ထပ်မံ ကုန်သွယ်မှု ပြုသည့် စာရင်း၌ ဆန်၊ ဆေး၊ ဂျုံနှင့် မော်တော်ယာဉ်   အစရှိသည့် အမယ်များ ပါဝင်ကြောင်း သိရသည်။ ''ဆန်နဲ့ဂျုံ ပို့ကုန်၊ သွင်းကုန်ကတော့ နောက်ဆုံး ညှိနှိုင်း လိုက်တာ ဖြစ်ပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ် ကုန်သွယ်ရေးမှ  တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယင်းကဲ့သို့ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု အမယ်သစ်များ တိုးမြှင့် ခဲ့ခြင်းကြောင့် ယခင် ကုန်ပစ္စည်း ၄ဝ မျိုးသာ ကုန်သွယ်မှု ပြုလုပ်ခြင်းမှ လက်ရှိ အချိန်တွင် ကုန်ပစ္စည်း အမျိုးပေါင်း ၆ဝ ကျော် အထိ ကုန်သွယ်မှု ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေး နှစ်၌ မြန်မာ- အိန္ဒိယ ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာသန်း ၁ဝဝဝ ကျော် ရှိပြီး ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေး နှစ်၌မူ အမေရိကန် ဒေါ်လာ သန်း ၁၃ဝဝ ကျော်ခန့် သို့ မြင့် တက်လာကြောင်း၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် (စက်တင်ဘာ လအထိ) မြန်မာ- အိန္ဒိယ နိုင်ငံမှာ အမေရိကန် ဒေါ်လာသန်း ၆၅ဝ ကျော် ကုန်သွယ်မှု ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
from, မြ၀တီ

No comments:

Post a Comment