ပုံမှာမြင်တွေ့ရတာကတော့ အသက်ရှင်လျက် ကမ္ဘာ့အကြီးဆုံးဖားလို့
အသတ်မှတ်ခံထားရတဲ့ အာဖရိကန်အနောက်ပိုင်းဒေသ (Gabon) မှာတွေ့ရ တဲ့
ဖားဖြစ်ပါတယ်။ သူ့ရဲ့ ဇီဝဗေဒအမည်ကတော့ Conraua goliath ဖြစ်ပြီး
ခန္ဒာကိုယ်အရှည် ၁၃ လက်မရှိပါတယ်။ အလေးချိန် အားဖြင့် ၈ပေါင် ရှိပြီး ၁၃
လက်မ အရှည် ရှိပါတယ်။ အာဖရိကတိုက် အလယ်ပင်းမှာ နေထိုင်ကျက်စားပြီး
ကင်မရွန်းနဲ့ အီကွေတာဂီနီ နိုင်ငံတို့မှာ ပိုအတွေ့များပါတယ်။
Conraua goliath ဖားမျိုးတွေဟာ ကင်းမြီးကောက်၊ အင်းဆက်ပိုးများ နဲ့
ဖားငယ်များကို စားသုံးလေ့ ရှိပါတယ်။ ယင်းဖားအမျိုးအစား ဟာ ရှားပါး
လာပြီဖြစ်ပြီး အသက် ၁၅ နှစ်အထိပဲ အသက်ရှင်နိုင်ကြ ပါတယ်။
ဒါကြောင့် Conraua Goliath ခေါ် အာဖရိကဖားများကို ကမ္ဘာ့အကြီးဆုံး ဖားအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
---
Ref:Duknow
--

No comments:
Post a Comment