Monday 17 December 2012

တရုတ် ပိုင်နက် တိုးချဲ့သည့် အစီရင် ခံစာ ကုလ သမဂ္ဂသို့ တင်သွင်း

တရုတ် နိုင်ငံသည် ဂျပန် နိုင်ငံနှင့် ရေပိုင်နက်အငြင်း ပွားမှု ပြဿနာဆက်လက် ဖြစ်ပွားနေစဉ် အတော အတွင်း၌ ၄င်းတို့၏ ရေပိုင်နက် တိုးချဲ့သည့် အဆိုပြု ချက်များပါရှိသော အစီရင်ခံစာတစ်စောင်ကို ကုလ သမဂ္ဂသို့ တင်သွင်းခဲ့ကြောင်း အင်တာနက်သတင်း တစ်ရပ် အရသိရသည်။
ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းမှ ၂ဝဝ ကီလိုမီတာ အကွာရှိ ကျွန်းစုများကို ၄င်းတို့ပိုင် ကျွန်းစုများအဖြစ် တရုတ်နိုင်ငံ က သတ်မှတ်ထားပြီး ဘူမိ ဗေဒနှင့် မြေမျက်နှာ သွင်ပြင် လက္ခဏာများ အရ ၄င်းနိုင်ငံ ပိုင်နက် ဖြစ်ကြောင်း အဆိုပြုချက်ပါရှိသော အစီရင်ခံစာကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။
ရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုများနှင့်ပတ်သက်၍ တရုတ်နှင့်ဂျပန် နှစ်နိုင်ငံတို့သည် ပြီးခဲ့သည့် စက်တင်ဘာ လကပိုင်နက် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၄င်းအငြင်းပွားမှုနှင့် ပတ်သက်၍ အချိန်တိုအတွင်း အဆိုပြုလွှာတစ်စောင်တင်သွင်းရန် တရုတ် နိုင်ငံက ကတိပြု ပြောကြားခဲ့သော်လည်း နိုင်ငံခြားရေးဝန်ကြီး ဌာနက အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေ။
ထို့အတူ ဒီဇင်ဘာ ၁၃ ရက်က ဂျပန် နိုင်ငံက ၄င်းတို့ လေပိုင်နက်ဟုမှတ်ယူထားသည့် အရှေ့တရုတ် ပင်လယ်အတွင်းမှ အငြင်းပွားလျက်ရှိသောကျွန်းများ၏ လေပိုင်နက်အတွင်းသို့ တရုတ်လေယာဉ်တစ်စင်း ဝင်ရောက်လာခြင်းအတွက် ဂျပန်နိုင်ငံဘက်မှ F-15 တိုက်လေယာဉ်များကို စေလွှတ်ခဲ့ရကြောင်း၊ ထို့နောက် တရုတ် လေယာဉ်သည် ၄င်းလေ ပိုင်နက်အတွင်းမှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ က ပြောကြား ခဲ့သည်။
from..မြ၀တီ

No comments:

Post a Comment