၁၇-၁၂-၂၀၁၂ ရက်နေ့ ထိုင်းဝန်ကြီးချုပ် ရင်လက်ရှင်နာဝပ် ၏
မြန်မာနိုင်ငံ ခရီးစဉ်နှင့်စပ်ဆက်၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၃၀
ဦးကျော် လိုက်ပါလာသည့် ထိုင်းလေတပ်မှ
C-130 အမျိုးအစား လေ ယာဉ် တစ်စီးသည် ညနေ ၄ နာရီခန့်တွင် ဘန်ကောက်မြို့ သို့
ပြန်လည် ထွက်ခွာရန်ပြင်ဆင်ရာ လေယာဉ်အင်ဂျင် ၄ လုံးရှိသည့် အနက် ညာဘက်အတွင်း
အင်ဂျင်ချို့ယွင်းပြီး မပျံသန်းနိုင်ဘဲ
ခရီးစဉ်အား ဖျက်သိမ်း ခဲ့ကြောင်းသိရှိရသည်။ “ ထိုင်းအဖွဲ့က လေယာဉ် ၂ စီးနဲ့
လာပါတယ်။ ထိုင်းဝန်ကြီးချုပ်က ATR-42 အမျိုးအစားလေယာဉ်နဲ့ပါ။
ဝန်ကြီးချုပ်လေယာဉ်တက်သွားပြီး စီးပွားရေးလုပ်ငန်းရှင်တွေစီးလာတဲ့
ထိုင်းလေ တပ်က လေယာဉ် တက်ဖို့အလုပ်မှာ လေယာဉ်အင်ဂျင်တစ်လုံး ချို့ယွင်းလို့
ခရီးစဉ်ကိုဖျက်သိမ်းခဲ့ပါတယ်။ ခရီးသည် အားလုံးကိုထားဝယ်မှာရှိတဲ့
ဟိုတယ်တွေမှာ နေရာချထားပါ တယ်။ ထိုင်းလေတပ်က အင်ဂျင်နီယာတွေ လည်း
ချို့ယွင်းနေတဲ့ အင်ဂျင်တွေကိုဆောင်ရွက်နေကြတယ်” ဟု ထားဝယ်မြို့က
တာဝန်ရှိသူ တစ်ဦးက ပြောဆိုပါတယ်။
From : MON
From : MON
No comments:
Post a Comment