ဂီတ လောကတွင်ဝင်ငွေ အကောင်းဆုံး အမျိုးသမီး တေးသံ ရှင်မှာ ပေါ့ပ်တေးသံရှင်
ဘရစ်တနီ စပီးယားဖြစ် ကြောင်း ကမ္ဘာကျော် မဂ္ဂဇင်း တစ်ခုဖြစ်သည့် Forbes မဂ္ဂဇင်းက ကြေညာခဲ့သည်။
ဘရစ်တနီသည် ပြီးခဲ့သည့် နှစ်က သူမ၏ တေး အယ်လ်ဘမ် ၊ ရေမွှေးနှင့်
ကြော်ငြာများမှ ခန့်မှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ ၅၈ သန်းဝင်ငွေရရှိခဲ့ပြီးနောက် နံပါတ်တစ် နေရာကိုရရှိ ခဲ့ခြင်း ဖြစ်ကြောင်း Forbes မဂ္ဂဇင်းက
ဖော်ပြ ခဲ့သည်။
ကန်ထရီး-ပေါ့ပ် အဆိုတော် တေလာဆွစ်ဖ်က ဝင်ငွေ ၅၇ သန်းဖြင့် ဒုတိယ နေရာ ရရှိခဲ့ပြီး R & B အဆိုတော် ရီဟန်းနားက ဝင်ငွေ ၅၃ သန်းဖြင့် တတိ ယ နေရာရရှိခဲ့သည်။ ၂ဝ၁၁ ခုနှစ်က ဝင်ငွေ အကောင်းဆုံး နံပါတ်တစ်နေရာကို ရရှိခဲ့သော ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါသည် ယခုနှစ်တွင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၂ သန်းဖြင့် နံပါတ်လေး နေရာကိုသာ ရရှိ ခဲ့သည်ဟု သိရသည်။
မြ၀တီ

No comments:
Post a Comment