Tuesday 18 December 2012

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ တတိယအကြိမ် လက်ထပ်မည်

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ တတိယအကြိမ် လက်ထပ်မည်

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီအို ဘာလူစကိုနီသည် ၎င်းထက် ၄၉ နှစ်ငယ်သည့် ၂၇  နှစ်အရွယ် ချစ်သူ ဖရန့်စကာ ပါစကေးနှင့် စေ့စပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဖရန့်စကာ ပါစကေးသည် လှပသူတစ်ဦး ဖြစ်သည့်အပြင် စိတ်ထား အလွန်ကောင်းမွန်သည့် မိန်းကလေး တစ်ဦးဖြစ်ကြောင်း၊ မိမိသည် ယခုအခါ အထီးကျန်သည့် ဝေဒနာကို မခံစား ရတော့ကြောင်း အိမ်ထောင် နှစ်ခါ ပြုဖူးသူ ကလေးငါးဦး၏ ဖခင် ဘာလူစ ကိုနီက ပြောကြားခဲ့သည်။ 

ထို့ပြင် သူမသည် မိမိသမီးဖြစ်သူ မာရီနာနှင့်လည်း ရင်းနှီး ချစ်ခင်ကြောင်း၊ မိမိအနေဖြင့် သူမအား လေးစား ချစ်ခင်သည့်အပြင် မိမိ၏သားသမီး များနှင့်လည်း အဆင်ပြေသည့်အတွက် သူမအား ကျေးဇူးတင်မိကြောင်း အသက် ၇၆ နှစ် အရွယ်ရှိပြီဖြစ် သည့် ဘာလူစကိုနီက အီတလီ ရုပ်သံတစ်ခု၏ တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့သည်ဟု သိရ သည်။  

http://www.myawady.net.mm/allnews/global/item/2140-2012-12-18-10-10-39
အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီအို ဘာလူစကိုနီသည် ၎င်းထက် ၄၉ နှစ် ငယ်သည့် ၂၇ နှစ်အရွယ် ချစ်သူ ဖရန့်စကာ ပါစကေးနှင့် စေ့စပ် လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဖရန့်စကာပါစကေးသည် လှပသူတစ်ဦး ဖြစ်သည့်အပြင် စိတ်ထားအလွန်ကောင်းမွန်သည့် မိန်းကလေး တစ်ဦးဖြစ်ကြောင်း၊ မိမိသည် ယခုအခါအထီး ကျန် သည့် ဝေဒနာ ကို မခံစားရတော့ကြောင်း အိမ်ထောင် နှစ်ခါ ပြုဖူးသူ ကလေးငါးဦး၏ ဖခင် ဘာလူစ ကိုနီက ပြောကြားခဲ့သည်။


ထို့ပြင် သူမသည် မိမိသမီးဖြစ်သူ မာရီနာနှင့်လည်း ရင်းနှီး ချစ်ခင်ကြောင်း၊ မိမိအနေဖြင့် သူမအား လေးစား ချစ်ခင်သည့်အပြင် မိမိ၏သားသမီး များနှင့်လည်း အဆင်ပြေသည့်အတွက် သူမအား ကျေးဇူးတင် မိကြောင်း အသက် ၇၆ နှစ် အရွယ်ရှိပြီဖြစ် သည့် ဘာလူစကိုနီက အီတလီရုပ်သံတစ်ခု၏ တွေ့ ဆုံမေးမြန်း ခန်း တစ်ခုတွင် ပြောကြားခဲ့သည်ဟု သိရ သည်။

No comments:

Post a Comment