Tuesday 18 December 2012
အမေရိကန်သံအမတ် မြစ်ကြီးနားရောက်ရှိ၊ ကချင်အရေးမေးမြန်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ဦးဆောင်တဲ့ ၈ ဦး ပါအဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက် ရှိပြီး ပြည်နယ်အစိုးရ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေ ၊  နိုင်ငံရေးပါတီတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ပွဲကိစ္စနဲ့ဒုက္ခ သည် ကိစ္စတွေကို တွေ့ဆုံမေးမြန်းနေ ပါတယ်။
ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့နဲ့ မနေ့ညနေပိုင်းက စားသောက်ဆိုင်တခုမှာ တွေ့ဆုံရာမှာ အဓိကအားဖြင့် အချက် အလက်တော်တော် များများကို သံအမတ်ကြီးနဲ့ အဖွဲ့က သိရှိပြီးဖြစ်နေ သလို ကွဲလွဲတဲ့အချက်အလက်တွေကို အတည်ပြုချက်ရယူ မေးမြန်းတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ပြောခွင့် ရသူ ဦးဆန်းအောင်က ပြောပါတယ်။
“ပြောတာက အရင်တုန်းက ငြိမ်းချမ်းရေးအကျိုးတော်ဆောင်န
ဲ့ စတင်လုပ်လာတဲ့ သမိုင်းကြောင်းလေးတွေ၊ စာရင်းကွဲဖြစ်စဉ်လေးတွေကိုပဲ ပြောပြတာပါ။ သူတို့လည်း အထွေအထူးတော့ မမေးပါဘူး။ အရင်ကဖြစ်ခဲ့ တာတွေ၊ ပြီးတော့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စခန်းတွေကို သူတို့ဘယ်လိုကူညီပေးနိုင်မလဲဆို တာလေးတွေ နည်းလမ်းရှာဖို့ အဲလောက်ပါပဲ” လို့ ပြောပါတယ်။
အမေရိကန်သံအမတ်ကြီးနဲ့အတူ ၀ါရှင်တန်ဒီစီကလာတဲ့ အရာရှိ ၂ ဦးနဲ့ ရန်ကုန် အမေရိကန်သံရုံးက ၀န်ထမ်း စုစုပေါင်း ၈ ဦး ပါဝင်တယ်လို့ဆိုပါတယ်။
ကေအိုင်အိုနဲ့အစိုးရအကြား တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အမေရိကန်သံအမတ်ကြီးရဲ့ ပြောဆိုချက်ကို ဦးဆန်းအောင် ပြန်ပြောပြတာက “သူတို့သိတာကလည်း ကချင်ကတော့ ၉၄ ခုနှစ်ကတည်းက အပစ်အခတ်ရပ်ပြီးသား ပဲဆိုတာမျိုး မြင်တယ်။ အပစ်အခတ်ရပ်ပြီးသားကနေ ပြန်တိုက်တယ် ဆိုတော့ အဲဒီကို နည်းလမ်းအတိုင်းဆိုရင် မရဘူးဆိုတာကို သူသဘောပေါက် တယ်တဲ့။” လို့ ပြောပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဦးဆန်းအောင်က အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ်က အခြေ အနေကို သက်ဆိုင်သူတွေ တော်တော်များများနဲ့ တွေ့ဆုံပြီး အခြေအနေသုံးသပ်ဖို့ အချက်အလက် စုဆောင်းတဲ့ ခရီးစဉ်ဖြစ်နိုင်တယ်လို့ လည်း သုံးသပ်ပါတယ်။
“သူက အကုန်လုံးခြုံငုံသုံးသပ်ဖို့အတွ
က် သူတို့သိထားတဲ့အချက်အလက်တွေနဲ့ ဒီက နေရပ်စွန့်ခွာ ပြီးရွှေ့ပြောင်းနေထိုင် သူတွေရဲ့ စခန်းအခြေအနေ၊ ရွှေ့ပြောင်းနေထိုင်သူတွေက သူတို့ကို တင်ပြတဲ့ အချက်အလက်တွေ၊ ပြည်နယ်အစိုးရရဲ့ တင်ပြတဲ့အချက်အလက်တွေ၊ မြို့မိမြို့ဖတွေ တင်ပြတဲ့ အချက်အလက်တွေနဲ့ အကျိုးဆောင်တွေနဲ့တွေ့တဲ့အချိန်မှာ မေးမြန်းပြီး ရရှိခဲ့တဲ့ အချက်အလက်တွေကို အားလုံးပေါင်းပြီးမှ ပါဝင်လို့ရမယ့်နေရာမှာ ပါဝင်မယ်ဆိုတဲ့ သဘောလားတော့ မသိပါဘူး။ သူတို့က ဒီမှာ တခါမှ မရောက်သေးလို့ အခြေအနေကို လေ့လာသုံးသပ်တဲ့အနေနဲ့ လာတယ်လို့ပဲမြင်ပါတယ်” လို့ ဆိုပါတယ်။
သူတွေ အကူအညီရရေးအတွက် အထိုက်အလျောက်တွန်းအား ဖြစ်လာလိမ့်မယ်လို့ အကောင်း ဘက်က မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။
မစ္စတာ ဒဲရစ်မစ်ချယ်နဲ့အဖွဲ့ဟာ အိုင်ဒီပီစခန်းတွေကို ဒီနေ့သွားကြည့်မယ်လို့ ဆိုပါတယ်။ သူတို့ဟာ နေ့လည်ပိုင်း မှာတော့ ဒေါက်တာတူးဂျာ၊ အန်ဒီအက်ဖ်ပါတီက ဒေါ်ဘောက်ဂျာအပါအ၀င် ၆ ဦးနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။
  DVB -
No comments:
Post a Comment