Tuesday 18 December 2012

ဗြိတိန်နှင့် အမေရိကန် အစိုးရ တို့သည် ဆီးရီးယား စစ်သွေးကြွများအား လေ့ကျင့်မှုများ ပြုလုပ်ပေး ခဲ့


ဗြိတိန်နှင့် အမေရိကန် အစိုးရ တို့သည် ဆီးရီးယား စစ်သွေးကြွများအား လေ့ကျင့်မှုများ ပြုလုပ်ပေး ခဲ့

ဗြိတိန်နှင့် အမေရိကန် နိုင်ငံအစိုးရ တို့သည် ဆီးရီးယား စစ်သွေးကြွများအား ဂျော်ဒန် နိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်ပေး ခဲ့ကြောင်း အစီရင်ခံစာ တစ်ခုတွင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

အဆိုပါ လေ့ကျင့်မှုတွင် ရာနှင့်ချီသော သောင်းကျန်းသူ များအား သင်ကြား ပို့ချမှုများတွင် ပါဝင်ခဲ့ခြင်းနှင့် လွန်ခဲ့သော အောက်တိုဘာလ အတွင်းက စတင် ဆောင်ရွက်ခဲ့ကြောင်း McCLATCHY ဝဘ်ဆိုဒ်တွင် ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရှိရ ပါသည်။ မိမိတို့ အနေဖြင့် အကြီးစား လက်နက်များ လေ့ကျင့်မှုအား ပိုမိုပြုလုပ် ရလိမ့်မည်ဟု ဆီးရီးယား တောင်ပိုင်းမြို့ ဖြစ်သည့် Daraa မှ စစ်သွေးကြွ တစ်ဦးဖြစ်သော Kamal al Zoubani ၏ ပြောကြား ချက်ကို ကိုးကား၍ ဖော်ပြခဲ့ ပါသည်။ ထို့ပြင် အမေရိကန် နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံအား အပေါ့စား လက်နက်များ သယ်ဆောင်ခြင်းအား ခွင့်ပြုပေး ခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့ ပါသည်။

 ဂျော်ဒန်နိုင်ငံ တောင်ပိုင်းရှိ စစ်အခြေစိုက် စခန်းတစ်ခုတွင် အနည်းဆုံး ၅ဝ မှ ၆ဝ ကြားရှိ စစ်သွေးကြွများ ပါဝင်သော အဖွဲ့ ၃ ဖွဲ့ဖြင့် လေ့ကျင့်ပေးရန် ရွေးချယ်ခဲ့ကြောင်း၊ ၎င်းနေရာတွင် ဂျော်ဒန် နိုင်ငံနှင့် ဗြိတိန် နိုင်ငံတို့မှ စစ်ဘက် အရာရှိများ ယူနီဖောင်းများဖြင့် တက်ရောက် သကဲ့သို့ အမေရိကန် ထောက်လှမ်းရေး အရာရှိ များလည်း တက်ရောက် ခဲ့သည်ဟု ပြည်သူများမှ ယုံကြည်ကြောင်း Zoubani က ပြောကြားခဲ့ ပါသည်။

http://www.myawady.net.mm/allnews/global/item/2210-2012-12-18-14-58-08ဗြိတိန်နှင့် အမေရိကန် နိုင်ငံအစိုးရ တို့သည် ဆီးရီးယား စစ်သွေးကြွ များအား ဂျော်ဒန် နိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်ပေးခဲ့ကြောင်း အစီရင် ခံစာတစ်ခုတွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။အဆိုပါ လေ့ကျင့်မှုတွင် ရာနှင့်ချီသော သောင်းကျန်းသူများအား သင်ကြားပို့ချမှုများတွင် ပါဝင်ခဲ့ခြင်းနှင့်လွန်ခဲ့သော အောက်တိုဘာလ အတွင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း McCLATCHY ဝဘ်ဆိုဒ်တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရှိရပါသည်။ မိမိတို့အနေဖြင့် အကြီးစားလက်နက်များ လေ့ကျင့်မှုအား ပိုမိုပြုလုပ်ရလိမ့်မည်ဟု ဆီးရီးယား တောင်ပိုင်းမြို့ ဖြစ်သည့် Daraa မှ စစ်သွေးကြွ တစ်ဦးဖြစ်သော Kamal al Zoubani ၏ ပြောကြားချက်ကိုကိုးကား၍ ဖော်ပြခဲ့ပါသည်။ ထို့ပြင် အမေရိကန် နိုင်ငံအနေဖြင့် ဆီးရီးယား နိုင်ငံအား အပေါ့စား လက်နက်များ သယ်ဆောင်ခြင်းအား ခွင့်ပြုပေးခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့ပါသည်။


ဂျော်ဒန်နိုင်ငံ တောင်ပိုင်းရှိ စစ်အခြေစိုက် စခန်းတစ်ခုတွင် အနည်းဆုံး ၅ဝ မှ ၆ဝ ကြားရှိ စစ်သွေးကြွများ ပါဝင်သောအဖွဲ့ ၃ ဖွဲ့ဖြင့် လေ့ကျင့်ပေးရန် ရွေးချယ်ခဲ့ကြောင်း၊ ၎င်းနေရာတွင် ဂျော်ဒန် နိုင်ငံနှင့် ဗြိတိန် နိုင်ငံတို့မှ စစ်ဘက် အရာရှိများ ယူနီဖောင်းများဖြင့် တက်ရောက် သကဲ့သို့ အမေရိကန် ထောက် လှမ်းရေး အရာရှိများလည်း တက်ရောက်ခဲ့သည်ဟု ပြည်သူများမှ ယုံကြည်ကြောင်း Zoubani က ပြောကြားခဲ့ပါသည်။



No comments:

Post a Comment