Tuesday 18 December 2012

ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ ၃ရုံကို တည်ဆောက်သွားမည်


Photo: ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ ၃ရုံကို တည်ဆောက်သွားမည်

Tuesday, 18 December 2012
ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည် တွင်း ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး အဆိုပါ ကုမ္ပဏီများသည် လကိရှိအချိန်တွင် ဒေသအချို့၌ လုပ်ငန်း ပိုင်းဆိုင်ရာ လေ့လာမှုများ ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊လျှပ်စစ်စွမ်းအားဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခင်မောင်ဇော်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိက ပါဝင်ဆောင်ရွက်နိုင်ခွင့်များကို ၂၀၁၂ခုနှစ်မှ စတင်ဆောင်ရွက်နေကြောင်း၊၂၀၁၃ခုနှစ်တွင် ပိုမိုတွင် ကျယ်လာမည်ဖြစ်ကြောင်း၊ပုဂ္ဂလိကပိုင်းမှ ကမ်းလှမ်းထားသည့် ကုမ္ပဏီ ၁၂ ခု သည် ယခုအခါ သက်ဆိုင်ရာ ဒေသတွင် Physical Study များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

''လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတွေကို ပြည်တွင်းက ကုမ္ပဏီတွေကိုပေးမယ်ဆိုတာ အခုသတ်မှတ်ချက်က သူတို့တွေသည် ဖြန့်ဖြူးရေးပိုင်းမှာတင်မဟုတ်ဘူး။နွေရာသီမှာ လျှပ်စစ်ဓာတ်အား မလုံလောက်လို့ ဓာတ်အား လျော့ပေးရတဲ့ အခြေအနေမှာ ပြည်သူတွေကို လုံလောက်အောင်ပေးနိုင်ဖို့ ထုတ်လုပ်ရေးလုပ်ငန်းတွေကိုပါ လုပ်ရမယ်လို့ သတ်မှတ်ချက်ပေးထားပါတယ်''ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊လျှပ်စစ်စွမ်းအားဦးစီးဌာန၊ညွန်ကြားရေးမှူးချုပ် ဦးခင် မောင်ဇော်က ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းများကို အစိုးရမှ ကိုင်တွင်ဆောင်သည့် နိုင်ငံ များတွင် ရှားရှားပါးပါး မြန်မာတစ်နိုင်ငံသာ ကျန်ရှိတော့ကြောင်း၊သို့သော် လက်ရှိအချိန်တွင် ပုဂ္ဂလိက ပိုင်းမှ ပါဝင်ဆောင်ရွက်မှုကို မလွှဲမသွေ လက်ခံဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်မည့် ဓာတ် အားပေးစက်ရုံ ၃ ရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ဆက်လက် ပြောကြားခဲ့ သည်။

''လှော်ကားမှာ တရုတ်ကုမ္ပဏီ ချိုင်းနားဟိုက်ဒရိုလန်ချာနဲ့ ၅၅၀ မ ဂ္ဂါဝပ်တည်ဖို့ MOU ထိုးပြီး ဖြစ်ပါတယ်။သာကေတမှာ KV(Korea)နဲ့ ၅၀၀မဂ္ဂါဝပ် ဘသာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဖို့ MOA ထိုးပြီး ဖြစ်ပါတယ်။သာကေမှာပဲ ဂျပန်နဲ့ ၅၀၀ မဂ္ဂါဝပ်တည်ဖို့ စီစဉ်ထားပါတယ်။နောက်တစ်ခုက ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး အလုံမှာ ၁၂၀ မဂ္ဂါဝပ် ထုတ်ဖို့ရှိပါတယ်။စုစုပေါင်း ၁၆၅၀ မဂ္ဂါဝပ်လောက် ၂၀၁၅- ၂၀၁၆မှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ပြီး ဓာတ်အားပေးဖို့ရှိပါတယ်''ဟု  ဦးခင်မောင်ဇော်က ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၁၅၄၂.၃ မဂ္ဂါဝပ် ထုတ်လုပ်ပေး
နေပြီး နွေရာသီတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏမှာ ၁၈၀၀ မဂ္ဂါဝပ် လိုအပ်လျက်ရှိကြောင်း  သိရှိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏမှာ ၇၃၈ မဂ္ဂါဝပ်ရှိပြီး နွေရာသီရောက် ရှိလာပါက ၈၅၀ မဂ္ဂါဝပ်အထိ သုံးစွဲကြောင်း သိရှိရသည်။

Eleven Media Groupပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း များ ဆောင် ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ ခုရှိပြီး အဆိုပါကုမ္ပဏီများသည် လကိရှိအချိန် တွင် ဒေသ အချို့၌ လုပ်ငန်းပိုင်းဆိုင်ရာ လေ့လာမှု များ ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဦးစီးဌာန ညွန်ကြားရေး မှူးချုပ် ဦးခင်မောင်ဇော်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ သည်။

လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိက ပါဝင်ဆောင်ရွက်နိုင်ခွင့်များကို ၂၀၁၂ခုနှစ်မှ စတင်ဆောင် ရွက်နေကြောင်း ၊၂၀၁၃ခုနှစ်တွင် ပိုမိုတွင် ကျယ်လာမည်ဖြစ်ကြောင်း၊ပုဂ္ဂလိကပိုင်းမှ ကမ်းလှမ်းထားသည့် ကုမ္ပဏီ ၁၂ ခု သည် ယခုအခါ သက်ဆိုင်ရာ ဒေသတွင် Physical Study များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

''လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတွေကို ပြည်တွင်းက ကုမ္ပဏီတွေကိုပေးမယ်ဆိုတာ အခုသတ်မှတ်ချက်က သူတို့တွေသည် ဖြန့်ဖြူးရေးပိုင်းမှာတင်မဟုတ်ဘူး။နွေရာသီမှာ လျှပ်စစ်ဓာတ်အား မလုံလောက်လို့ ဓာတ်အား လျော့ပေးရတဲ့ အခြေအနေမှာ ပြည်သူတွေကို လုံလောက်အောင်ပေးနိုင်ဖို့ ထုတ်လုပ်ရေးလုပ်ငန်းတွေကိုပါလုပ်ရမယ်လို့ သတ်မှတ်ချက်ပေးထားပါတယ်''ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊လျှပ်စစ်စွမ်းအားဦးစီးဌာန၊ညွန်ကြားရေးမှူးချုပ် ဦးခင် မောင်ဇော်က ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းများကို အစိုးရမှ ကိုင်တွင်ဆောင်သည့် နိုင်ငံ များတွင် ရှားရှားပါးပါး မြန်မာတစ်နိုင်ငံသာ ကျန်ရှိတော့ကြောင်း၊သို့သော် လက်ရှိအချိန်တွင် ပုဂ္ဂလိက ပိုင်းမှ ပါဝင်ဆောင်ရွက်မှုကို မလွှဲမသွေ လက်ခံဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်မည့် ဓာတ် အားပေးစက်ရုံ ၃ ရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ဆက်လက် ပြောကြားခဲ့ သည်။

''လှော်ကားမှာ တရုတ်ကုမ္ပဏီ ချိုင်းနားဟိုက်ဒရိုလန်ချာနဲ့ ၅၅၀ မ ဂ္ဂါဝပ်တည်ဖို့ MOU ထိုးပြီး ဖြစ်ပါတယ်။ သာကေတမှာ KV(Korea)နဲ့ ၅၀၀မဂ္ဂါဝပ် ဘသာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဖို့ MOA ထိုးပြီး ဖြစ်ပါတယ်။သာကေမှာပဲ ဂျပန်နဲ့ ၅၀၀ မဂ္ဂါဝပ်တည်ဖို့ စီစဉ်ထားပါတယ်။နောက်တစ်ခုက ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး အလုံမှာ ၁၂၀ မဂ္ဂါဝပ် ထုတ်ဖို့ရှိပါတယ်။စုစုပေါင်း ၁၆၅၀ မဂ္ဂါဝပ်လောက် ၂၀၁၅- ၂၀၁၆မှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ပြီး ဓာတ်အားပေးဖို့ရှိပါတယ်''ဟု ဦးခင်မောင်ဇော်က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၁၅၄၂.၃ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေ ပြီး နွေရာသီတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပမာဏမှာ ၁၈၀၀ မဂ္ဂါဝပ် လိုအပ်လျက်ရှိကြောင်း သိရှိ ရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏမှာ ၇၃၈ မဂ္ဂါဝပ်ရှိပြီး နွေရာသီရောက် ရှိလာပါက ၈၅၀ မဂ္ဂါဝပ်အထိ သုံးစွဲကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment