
ရှေးဦးစွာ ဗုဒ္ဓမြတ်စွယ်တော်ကို သီပေါမြို့ ဘိုးတော်ကျောင်းတိုက် ပဓာန နာယက မြို့နယ် သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တမိလိန္ဒအရှင် သူမြတ်ထံမှ ကျောက်မဲခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မျိုးဝင်းနှင့် ဥပဋ္ဌာကအဖွဲ့ များက ကျောက်မဲမြို့နယ် အတွင်း ဒေသ စာရီ လှည့် လည် အပူဇော်ခံရန် လွှဲပြောင်း လက်ခံယူသည်။
ထို့နောက် ဗုဒ္ဓမြတ်စွယ်တော် ဒေသစာရီ လှည့်လည် အပူဇော်ခံရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းစံတင့်၊ အတွင်းရေးမှူး ဦးမြသန်းနှင့် တာဝန်ရှိသူများက ကျောက်မဲမြို့နယ် အတွင်းသို့ ဝတ်အသင်းများနှင့် ရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များက လှည့်လည်အပူဇော်ခံရာ ဗုဒ္ဓနွယ်ဝင် သူတော်စင်များ စေတနာ ထက်သန် စွာဖြင့် ဦးခိုက် ပူဇော်လှူဒါန်း ကြကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment