မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) (ABSDF) အဖွဲ့သည်မြန်မာ နိုင်ငံငြိမ်းချမ်းရေဖော်ဆောင်ရေးအဖွဲ့ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဦးအောင်မင်း၏ ဖိတ်ကြားချက် အရ ယနေ့နံနက်က မဲဆောက်မြို့မှတစ်ဆင့်မြဝတီလမ်းကြောင်းအတိုင်းမြန်မာနိုင်ငံ အတွင်းသို့ ထွက်ခွာလာပြီဖြစ်ကြောင်းသိရသည်။
ABSDF ၏ လက်ရှိ ဥက္ကဌရဲဘော်သံခဲ ဦးဆောင်သည့်အဖွဲ့အား နယ်စပ်ရေးရာနှင့် လုံခြုံးရေ ဝန်ကြီးဗိုလ်မူးကြီးအောင်လွင်မှမြဝတီမြို့တွင်လာရောက် ကြိုဆိုခဲ့ကြောင်း၊ ဥက္ကဌ ရဲဘော်သံခဲနှင့် အတူအဖွဲ့ဝင်များ အဖြစ် -ရဲဘော်ဆန်နီ(အထွေထွေအတွင်းရေးမူး)ရဲဘော်ဆလိုင်းယောအောင်-ရဲဘော်မောင်းဦး-ရဲဘော်ကျော်ကို-ရဲဘော်ကျော်သူရ-ရဲဘော်ကျော်ကျော်လင်း-ရဲဘော်မဆူးပွင့် ရဲဘော် ဝင်းတင်ဟန်း (ရုံးအုပ်ကြီး)တို့ လိုက်ပါလာခဲ့ကြောင်းသိရသည်။
The Myanma Age

No comments:
Post a Comment