Monday 10 December 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုဖြစ်ပွား အနည်းဆုံး လူလေးဦးသေဆုံးကာ ၆ဝဝ ကျော်ဒဏ်ရာရ

Photo: ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုဖြစ်ပွား အနည်းဆုံး လူလေးဦးသေဆုံးကာ ၆ဝဝ ကျော်ဒဏ်ရာရ
Monday, December 10, 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒက်ကာတွင် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း မှစတင်ကာ အစိုးရအား ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ လေးဦးသေဆုံးကာ ၆ဝဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။

ယင်းကဲ့သို့ ဆန္ဒပြမှုများအကြား အခြားအတိုက်အခံ ခေါင်းဆောင်များနှင့် တက်ကြွစွာ ပါဝင်လှုပ်ရှားသူများ ရာနှင့်ချီ၍ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်ဟု ဘင်္ဂလား အမျိုးသားပါတီ (BNP) မှ အထွေထွေအတွင်း ရေးမှူးချုပ် မီရ်ဇာဖက်ခ်ရူးလ် အစ္စလာမ်အလမ်ဂီက ပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒပြခဲ့မှုများမှာ ဒက်ကာမြို့ အနှံ့ဖြစ်ပွားခဲ့ပြီး လက်လုပ် ဗုံးများအပြင် စစ်သုံး လက်ပစ်ဗုံး ပေါက်ကွဲမှု များလည်းဖြစ်ပွားခဲ့ကာ
မော်တော်ယာဉ် ၁၂ စီးခန့် မီးလောင် ပျက်စီးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် BNP ပါတီက လာမည့် အင်္ဂါနေ့တွင် ထပ်မံ၍ ဆန္ဒပြမှု ပြုလုပ်ရန် စီစဉ်ထားပြီး ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အစိုးရအဖွဲ့အား ဖိအားပေး သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မစ္စဟာစီနာက နိုင်ငံရေးကို အသုံးပြုကာ
ပြည်တွင်း ဆူပူအုံကြွမှုဖြစ်အောင် ဖန်တီးခဲ့သည့် BNP ပါတီအား အပြစ်တင် ပြောကြား လိုက်ပြီး ပြည်တွင်းရှိ စစ်အတွင်းက ပြစ်ဒဏ် ကျသင့်သူများကို ကယ်တင်ရန် ပြုလုပ်ခြင်းမှာ နိုင်ငံကို ချောက်ကမ်းပါးသို့ တွန်းပို့ခြင်းသာ ဖြစ်သည်ဟု ဝေဖန်ရှုတ်ချ လိုက်ကြောင်း သိရသည်။

မြ၀တီဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒက်ကာတွင် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း မှစတင်ကာ အစိုးရအား ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူ လေးဦးသေဆုံးကာ ၆ဝဝ ကျော် ဒဏ်ရာ ရရှိ ခဲ့သည်။
ယင်းကဲ့သို့ ဆန္ဒပြမှုများအကြား အခြား အတိုက် အခံ ခေါင်းဆောင် များနှင့် တက်ကြွစွာ ပါဝင်လှုပ်ရှားသူများ ရာနှင့်ချီ၍ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်ဟု ဘင်္ဂလား အမျိုးသားပါတီ (BNP) မှ အထွေထွေ အတွင်း ရေးမှူးချုပ် မီရ်ဇာဖက်ခ်ရူးလ် အစ္စလာမ် အလမ်ဂီက ပြောကြား ခဲ့သည်။

အဆိုပါဆန္ဒပြခဲ့မှုများမှာ ဒက်ကာမြို့အနှံ့ဖြစ်ပွားခဲ့ပြီး လက်လုပ်ဗုံးများအပြင် စစ်သုံးလက် ပစ်ဗုံး ပေါက်ကွဲ မှု များလည်းဖြစ်ပွားခဲ့ကာမော်တော်ယာဉ် ၁၂ စီးခန့် မီးလောင် ပျက်စီးခဲ့သည်ဟု ဆို သည်။

ထို့အပြင် BNP ပါတီက လာမည့် အင်္ဂါနေ့တွင် ထပ်မံ၍ ဆန္ဒပြမှု ပြုလုပ်ရန် စီစဉ်ထားပြီး ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အစိုးရအဖွဲ့အား ဖိအားပေး သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မစ္စဟာစီနာက နိုင်ငံရေးကို အသုံးပြုကာပြည်တွင်း ဆူပူအုံကြွမှုဖြစ်အောင် ဖန်တီးခဲ့သည့် BNP ပါတီအား အပြစ်တင် ပြောကြား လိုက်ပြီး ပြည်တွင်းရှိ စစ်အတွင်းက ပြစ်ဒဏ် ကျသင့်သူများကို ကယ်တင်ရန် ပြုလုပ်ခြင်းမှာ နိုင်ငံကို ချောက်ကမ်းပါးသို့ တွန်းပို့ခြင်းသာ ဖြစ်သည် ဟု ဝေဖန်ရှုတ်ချ လိုက်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment