Monday 10 December 2012

အရှေ့တောင်အာရှရှိ အာဆီယံအမွေအနှစ် ဥယျာဉ်များ

Photo: အရှေ့တောင်အာရှရှိ အာဆီယံအမွေအနှစ် ဥယျာဉ်များ
Monday, 10 December 2012

အာဆီယံဒေသအတွင်း နိုင်ငံများရှိ အမျိုးသားဥယျာဉ်များ၊ သဘာဝ
ထိန်းသိမ်းရေး နယ်မြေများ အထူးသဖြင့် အာဆီယံ အမွေအနှစ်များတွင် လက်ရှိ ကြုံတွေ့နေရသော အခက်အခဲများဖြစ်သည့် တရားမဝင် အမဲလိုက်ခြင်း၊ သစ်ထုတ်ယူခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်း၊
တောရိုင်းတိရစ္ဆာန်နှင့် ၄င်းတို့၏ အစိတ်အပိုင်းများ တရားမဝင် ကုန်သွယ်နေခြင်း လုပ်ငန်းစဉ်များ လျော့နည်းလာစေရေး၊ သဘာဝ
အခြေခံ ခရီးသွားလုပ်ငန်းများ မြှင့်တင် လာစေရေး၊ အာဆီယံအမွေအနှစ် ဥယျာဉ်များအတွင်း ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်း
ဆောင်ရွက်နေမှုများ၊ မျိုးခွဲခြားခြင်းများကို ဒေသခံ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့ သိရှိနားလည် သဘောပေါက်လာစေရေးအတွက် ရည်ရွယ်ပြီး အာဆီယံအမွေအနှစ် ဥယျာဉ်များအဖွဲ့ (ASEAN Heritage Parks- AHPs) ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Centre for Biodiversity- ACB) တွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ
အဖြစ် ပူးပေါင်းကာ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (CBD)၏ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ 

ထို့ပြင် အရှေ့တောင်အာရှရှိ အာဆီယံအမွေအနှစ် ဥယျာဉ်များ အဖွဲ့အစည်းတွင်လည်း အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် ပါဝင်သည်။ အရှေ့တောင်အာရှနိုင်ငံများ၌ အာဆီယံ အမွေအနှစ် ဥယျာဉ်ပေါင်း ၃၂ ခု ရှိသည်။ ဘရူနိုင်းနိုင်ငံတွင် တစ်ခု၊ ကမ္ဘောဒီးယားနိုင်ငံတွင် နှစ်ခု၊ အင်ဒိုနီးရှား နိုင်ငံတွင် သုံးခု၊ လာအိုနိုင်ငံတွင် တစ်ခု၊ မလေးရှားနိုင်ငံတွင် သုံးခု၊ မြန်မာနိုင်ငံတွင် ခုနှစ်ခု၊ ဖိလစ်ပိုင်နိုင်ငံတွင် လေးခု၊ စင်ကာပူနိုင်ငံတွင် နှစ်ခု၊ ထိုင်းနိုင်ငံတွင် လေးခုနှင့် ဗီယက်နမ်နိုင်ငံတွင် ငါးခုတို့ အသီးသီး ရှိကြသည်။

မြန်မာနိုင်ငံရှိ ခုနစ်ခုမြောက် နတ်မတောင် အမျိုးသားဥယျာဉ်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးများ၏ အစည်းအဝေးတွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံရှိ အာဆီယံအမွေအနှစ် ဥယျာဉ်များမှာ- ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန်တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါ အမျိုးသား
ဥယျာဉ်နှင့် နတ်မတောင်အမျိုးသား ဥယျာဉ်တို့ ဖြစ်ကြသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

Khit Lu Ngeအာဆီယံဒေသအတွင်း နိုင်ငံများရှိ အမျိုးသားဥယျာဉ်များ၊ သဘာဝ
ထိန်းသိမ်းရေး နယ်မြေများ အထူးသဖြင့် အာဆီယံ အမွေ အနှစ် များတွင် လက်ရှိ ကြုံတွေ့နေရသော အခက်အခဲများဖြစ်သည့် တရားမဝင်အမဲလိုက်ခြင်း၊ သစ်ထုတ်ယူခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်း၊
တောရိုင်းတိရစ္ဆာန်နှင့် ၄င်းတို့၏ အစိတ်အပိုင်းများ တရားမဝင် ကုန်သွယ်နေခြင်း လုပ်ငန်းစဉ်များ လျော့နည်းလာစေရေး၊ သဘာဝ
အခြေခံ ခရီး သွားလုပ်ငန်းများ မြှင့်တင် လာစေရေး၊ အာဆီယံ အမွေ အနှစ် ဥယျာဉ် များအတွင်း ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်း
ဆောင်ရွက်နေမှုများ၊ မျိုးခွဲခြားခြင်းများကို ဒေသခံ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့ သိရှိနားလည် သဘောပေါက်လာစေရေးအတွက် ရည်ရွယ်ပြီး အာဆီယံအမွေအနှစ် ဥယျာဉ်များအဖွဲ့ (ASEAN Heritage Parks- AHPs) ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Centre for Biodiversity- ACB) တွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ပူးပေါင်းကာ ကုလသမဂ္ဂ ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (CBD)၏ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အရှေ့တောင်အာရှရှိ အာဆီယံအမွေအနှစ် ဥယျာဉ်များ အဖွဲ့အစည်းတွင်လည်း အဖွဲ့ဝင် တစ်နိုင်ငံ အဖြစ် ပါဝင်သည်။ အရှေ့တောင်အာရှနိုင်ငံများ၌ အာဆီယံ အမွေအနှစ် ဥယျာဉ်ပေါင်း ၃၂ ခု ရှိသည်။ ဘရူနိုင်းနိုင်ငံတွင် တစ်ခု၊ ကမ္ဘောဒီးယားနိုင်ငံတွင် နှစ်ခု၊ အင်ဒိုနီးရှား နိုင်ငံတွင် သုံးခု၊ လာအိုနိုင်ငံတွင် တစ်ခု၊ မလေးရှားနိုင်ငံတွင် သုံးခု၊ မြန်မာနိုင်ငံတွင် ခုနှစ်ခု၊ ဖိလစ်ပိုင်နိုင်ငံတွင် လေးခု၊ စင်ကာပူနိုင်ငံ တွင် နှစ်ခု၊ ထိုင်းနိုင်ငံတွင် လေးခုနှင့် ဗီယက်နမ်နိုင်ငံတွင် ငါးခုတို့ အသီးသီး ရှိကြသည်။

မြန်မာနိုင်ငံရှိ ခုနစ်ခုမြောက် နတ်မတောင် အမျိုးသားဥယျာဉ်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးများ၏ အစည်း အဝေးတွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံရှိ အာဆီယံအမွေအနှစ် ဥယျာဉ်များမှာ- ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန်တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါ အမျိုးသား ဥယျာဉ်နှင့် နတ်မတောင် အမျိုးသား ဥယျာဉ်တို့ ဖြစ်ကြသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် ကြေးမုံ သတင်း စာတွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment