Monday 10 December 2012

ဒေါ်အောင်ဆန်းစုကြည်ကလူငယ်တွေနိုင်ငံရေးစိတ်ဝင်စားတာကို ချီးကျူး


လူငယ်တွေ၊ ကျောင်းသားတွေ နိုင်ငံရေးကို စိတ်ဝင်စားတာ ဝမ်းသာ တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က မန္တလေးတိုင်းဒေသကြီးကျောက်ပန်းတောင်းမြို့က ရွှေနဒီ ပရဟိတ ဘုန်းတော် ကြီးကျောင်းရှေ့ ကွင်းပြင်မှာ ဒီကနေ့ လူထုပရိသတ် ၂ သောင်းကျော်ကို အခုလို ပြောကြားလိုက်ပါတယ်။

"ကျွန်မတို့သွားတဲ့အခါမှာ လူငယ်လေးတွေ တက်တက်ကြွကြွနဲ့ လာကြိုရင်ဝမ်းသာတယ်၊ ကျွန်မကို လာကြိုလို့ဝမ်းသာတာထက် သူတို့ နိုင်ငံရေးဗီဇ ရောက်သွားတာမို့လို့ ဝမ်းသာတာပါ၊ သူတို့တွေဟာ အသက်ကြီးလာတဲ့အခါမှာ နိုင်ငံရေးကို ပိုပြီးတော့ ရင့်ရင့်ကျက်ကျက်နဲ့ တက်တက်ကြွကြွလုပ်နိုင်မှာပါ"
ဒီကနေ့ ဟောပြောတဲ့ လူထုမိန့်ခွန်းမှာ ဘွဲ့ရအလုပ်လက်မဲ့ပြသနာ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး နဲ့ နိုင်ငံရေးအကြောင်းတွေကို အဓိကထား ဟောပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်မှာ မကွေးမြသလွန်ဘုရားကွင်းမှာ မြို့ခံ လူထုတွေ ကို ဟောပြောခဲ့ပြီး ရေနံချောင်းမြို့နဲ့ ကျောက်ပန်းတောင်းမြို့တွေမှာ သွားရောက်ဟောပြော ခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံ၊ ညောင်ဦးမြို့လေဆိပ်မှ ရန်ကုန်မြို့သို့ ညနေ ၅ နာရီမှာ ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။


RFA (မြန်မာပိုင်း)

No comments:

Post a Comment