Monday 10 December 2012

သုံးခွမြို့နယ်တွင် NLD ပါတီအား ဆန္ဒပြ


(၉-၁၂-၁၂ )ရက်နေ့ (၁၁းဝဝ)ချိန်တွင် သုံးခွမြို့နယ်၊ လက်ပံ ကျိုးကျေး ရွာမှ ပြည်သူ (၆ဝ)ဦးသည် ထောလာဂျီ ဂွမ်ဒေါင်း၊ ဆိုင်ကယ်များဖြင့် ဆိုင်းဘုတ် များကိုင်ဆောင်၍ သုံးခွမြို့လည်လမ်းမ တစ်လျှောက် ဆန္ဒပြ ခဲ့ကြောင်း သိရှိရပါသည်။လမ်း တစ်လျှောက် တွင်လည်း လက်ကမ်းကြေ ညာချက်များ ဖြန့်ဝေခဲ့ကြောင်း၊ လက်ကမ်း စာစောင် တွင်-'' ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို လေးစား ပါသည် ၊ ညီလာခံ ကိုထောက်ခံပါသည်''
'' NLD ပါတီကိုဖျက်ဆီးသော၊ ညီလာခံကိုဖျက် ဆီးသော၊ လက်ပံကျိုးရွာနှစ်ချမ်းကွဲအောင် အကြံ အစည် ကြီးစွာဖြင့် ဖျက်ဆီးသွားသော မြို့နယ်NLD ပါတီကော်မရှင်မှ ခေါင်းဖြူဦးတင်ဝင်းနှင့် ဦးတင်အေး တို့ကို ရှုတ်ချပါသည်''
''NLD ပါတီထဲတွင်ပါတီပျက်ဆီးအောင် ပြည်သူလူထုအကြည်အညိုပျက်အောင် လုပ်ဆောင်နေသော လူယုတ်မာများရှိနေသည် ပြည်သူများအထူးသတိထားပါ''စသည့်စာသားများကိုကွန်ပျူတာစာစီ၍လမ်းတစ်လျှောက် စောင်ရေပေါင်းမြောက်
များစွာဖြန့်ဝေသွားကြပါသည်။
 ဆိုင်းဘုတ်များတွင်လည်း'' လူဆိုးလူယုတ်မာများ ကွန်းခိုနေသော NLD ပါတီမှ နှုတ်ထွက် ပါသည်။ပြည်သူ များအထူးသတိထားပါ'' ဟုပါရှိကြောင်း၊ ၄င်းလက်ပံကျိုးရွာသားများ ဦးဆောင်လာသူမှာ ဦးပိုးတီ (ခ)ဦးသိန်းဆင့်ဖြစ်ပါသည်။ ဦးပိုးတီ(ခ) ဦးသိန်းဆင့်မှ ပြောကြားရာတွင် - '' ၄င်းတို့သည် အုပ်ချုပ် ခံလူ တန်းစားများဖြစ်ကြောင်း၊  (ဝ၈)ရက်နေ့ ကျေးရွာNLD ပါတီအဖွဲ့အား မြို့နယ် NLD ပါတီ ကော်မရှင် အဖွဲ့မှ လာရောက်ရွေးချယ်ခဲ့ရာတွင် ရွာ၏လူဆိုးစာရင်းဝင်များနှင့် အလုပ်အကိုင် မရှိသူများကို NLD ပါတီမှ ရွေးချယ်ခဲ့ကြောင်း၊ အစည်းအဝေး တက်ရောက်သည့် ရွာသားများအားလုံးအား NLD ပါတီ အား မဝင် မနေရဟုဆိုကာ NLD ပါတီဝင်ကတ်များ အတင်းအကြပ် တစ်ပါတည်း ထုတ်ပေး သည်ကို မကျေနပ် သည့်အတွက်၎င်းပါတီဝင်ကတ်များအား မြို့နယ် NLD ပါတီသို့ ပြန်လည်အပ်နှံရန် ရွာမှ ချီတက် ဆန္ဒပြ လာခြင်းဖြစ်ကြောင်း၊အကျိုးရှိမည့်နေရာတွင် ၄င်းတို့ကိုအ သုံးချခံ လိုကြောင်း၊ ယခု ဆန္ဒပြ ရခြင်း မှာ ပြည်သူ အနေဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များတွင် အမှန် တကယ် လုပ် ကိုင်နေ သူများနှင့်သာ ပူးပေါင်း ပါဝင်လုပ်ဆောင်လိုကြောင်း၊ မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးအတွက် လက်တွေ့ လုပ်ဆောင်နေသူ များနှင့်ပူးပေါင်းဆောင်ရွက် သွား လိုကြောင်း ပြောကြား သွာပါသည်။ အဆိုပါ သုံးခွမြို့နယ် လက်ပံကျိုးကျေးရွာ ဆန္ဒပြမှုသည် (၁း၎ဝ) ချိန်ခန့်တွင်ပြီး ဆုံး သွားကြောင်း သိရှိ ရ ပါသည်။


 မူရင်းလင့်


No comments:

Post a Comment