Monday 10 December 2012

အသက် ၁၀၁ နှစ် အရွယ် မာရသွန် အပြေးသမားကြီး၏ ဘ၀ နေနည်း


Photo: အသက် ၁၀၁ နှစ် အရွယ် မာရသွန် အပြေးသမားကြီး၏ ဘ၀ နေနည်း 
Monday, 10 December 2012

''အာရောဂျံ ပရမံလာဘံ'' ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဟု ဘုန်းတော် ကြီးမြတ်တော် မူသော ဗုဒ္ဓ မြတ်စွာ ဘုရားက ညွှန်းဆို
ဟောကြားခဲ့ပါသည်။ 

အလွန်တရာ လေး နက် လှသလို အမြဲထာဝရ မှန်ကန်နေမည့် သစ္စာ စကားတော် ဖြစ်ပြီး သာမန် ယထာဘူ တကျကျ ရိုးရိုးရှင်းရှင်း
တွေးကြည့်လျှင်ပင် ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာမှုမှာ သာမည သာ ဖြစ်ပြီး ကျန်းမာခြင်းကသာ အဓိက ဖြစ်သည်ကို ကွက်ကွက် ကွင်းကွင်း မြင်နိုင် ပါလိမ့်မည်။

ကျန်းမာရေး ကောင်းမွန်မှသာ စားဝတ်နေရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး တို့ကို လုပ်ကိုင် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ကျန်းမာရေး မကောင်းဘဲ အိပ်ရာထဲ လဲနေလျှင်မူ ပိုက်ဆံ ဘယ်ရွေ့ဘယ်မျှ ရှိရှိ မည်သည့် အလုပ်ကိုမှ ကောင်းမွန် တည့်မတ်စွာ မလုပ်နိုင်ဘဲ အချည်းနှီးသာ ဖြစ်ပါလိမ့်မည်။ ထိုမျှ အရေးကြီးသော ကျန်းမာခြင်းကို လူသားတိုင်းကလည်း မျှော်လင့်တောင့်တ ကြသည်သာ ဖြစ်ပါသည်။ သို့ရာ တွင် ကျန်းမာေ ရး ကောင်းလိုပါသည်ဟု ဆိုကာ တောင့်တ နေရုံမျှနှင့် မပြီးသေး။ လက်တွေ့ လိုက်နာကျင့်သုံး ရမည့် ဆောင်ရန်ရှောင်ရန် များစွာရှိပါသည်။ ကျန်းမာ ပျော်ရွှင်သော ဘဝကို ပိုင် ဆိုင်လိုသူများ မဖြစ်မနေ လိုက်နာ ကျင့်သုံးသင့်သည့် ကျန်းမာရေး သော့ချက်များစွာ ရှိရာတွင် အားကစား လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ခြင်း၊ မည်သည့် အစာကိုမဆို ဝအောင်မစားဘဲ သင့်တင့်မျှတစွာ စားခြင်း၊ စိတ်နှလုံးကို ရွှင်စေသော ဂီတနှင့် ဦးနှောက် အသိဥာဏ် တိုးစေသော သုတ၊ ရသ စာပေများကို အချိန်ပေး နားထောင် ဖတ်ရှုခြင်း၊ စိတ်ဖိ စီးမှု မခံဘဲ အမြဲပြုံးရွှင်စွာ နေထိုင်ခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်း တို့မှာ အဓိက ကျသည့် သော့ ချက်များ ဖြစ်ပါသည်။ 

ထို့အပြင် မနက် အိပ်ရာထတိုင်း ရေ တစ်ခွက် သောက်ခြင်း၊ ပဲအမြဲ စားခြင်း၊ ရေနွေးကြမ်း အမြဲသောက်ခြင်း တို့မှာလည်း ကျန်းမာရေး
သော့ချက်များ ဖြစ်ပါသည်။ အထက်ပါ သော့ချက်များကို လိုက်နာ ကျင့်သုံးခြင်း သည်ပင် ကျန်းမာ ပျော်ရွှင်သော ဘဝနေနည်း ဖြစ်ပါသည်။ လူသား တစ်ဦး၏ ပျမ်းမျှ သက်တမ်းမှာ နှစ် ၇ဝ ကျော် ၈ဝ နီးပါးသာ
ဖြစ်သော်လည်း ကျန်းမာ ပျော်ရွှင်သော ဘဝနေနည်း အတိုင်း နေထိုင်မည် ဆို လျှင် အသက်ရာကျော် ရှည်မည် ဖြစ်ပါသည်။

အဆိုပါ ဘဝ နေနည်းကို လက်တွေ့ လိုက်နာပြီး ကျန်းမာ ပျော် ရွှင်စွာ နေထိုင်နေကြ သူများတွင် အသက် ၁ဝ၁ နှစ်ကျော် ရှိပြီဖြစ်သော ကမ္ဘာ့ အသက်အကြီးဆုံး မာရသွန် အပြေးသမားကြီး ဖော်ဂျာဆင်းလည်း တစ်ဦး အပါအဝင် ဖြစ်ပါသည်။ ပန်ချာပီ ခေါင်းပေါင်း အမြဲ ဆောင်းထား ပြီး ဆွတ်ဆွတ် ဖြူနေသည့် ရှည်လျားလှသော မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ပိုင်ရှင် ဆင်းမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ၂ဝ၁၂ စင်ကာပူ မာရသွန်ပြိုင်ပွဲ ၁ဝ ကီလိုမီတာ အပြေးပြိုင် ပွဲစဉ်တွင် ၎င်းထက် ဆယ်စုနှစ်များစွာ ငယ်ရွယ်သူများနှင့် အပြိုင်ဝင်နွှဲ ခဲ့သဖြင့် ၎င်း၏ ဘဝဖြတ်သန်းမှု သမိုင်းနှင့် သက်ရှည် ကျန်း မာစေသည့် လျှို့ဝှက်ချက်များမှာ ပရိသတ်များ အကြား စိတ်ဝင်တစား ပြောဆို
ဆွေးနွေးစရာ ဖြစ်လာ ခဲ့ရပါ သည်။ 

ဆစ်ခ်လူမျိုး တစ်ဦးဖြစ်သူ ဆင်းကို ပထမ ကမ္ဘာစစ်ပင် မဖြစ်သေးမီ ၁၉၁၁၊ ဧပြီ ၁ ရက်တွင် အိန္ဒိယ နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်၊ ဂျာလန်ဟာ Beas Pind ဆိုသည့် ရွာကလေးတွင် မွေးဖွားခဲ့သဖြင့် ပြီးခဲ့သည့် ၂ဝ၁၂၊ ဧပြီ ၁ ရက်က အသက် ၁ဝ၁ နှစ် ပြည့်ခဲ့ပြီး ဖြစ်ပါသည်။ ၎င်း၏ လက်ရှိ အကောင်းဆုံး မာရသွန် စံချိန်မှာ ၂ဝဝ၃ လန်ဒန် မာရသွန် ပြိုင်ပွဲ၌ ပြေးခဲ့သည့် ၆နာရီ၊ ၂ မိနစ်ဖြစ်ပြီး ၂ဝဝ၃ တိုရွန်တို မာရသွန် ပြိုင်ပွဲတွင်လည်း ၅နာရီ၊ ၄ဝမိနစ်ဖြင့် အသက် ၉ဝ ကျော်သူများထဲမှ အကောင်းဆုံး စံချိန်ရှင်အဖြစ် မှတ်တမ်း ဝင်ခဲ့ပါသည်။ ထို့အပြင် ဆင်းမှာ အသက် ၃၅ နှစ်မှစ၍ ငါးနှစ်လျှင် တစ်ကြိမ်ကျ အသက် အုပ်စုနှင့် အကွာအဝေး အလိုက် အမြန်ဆုံး ပြေးနိုင်သူများကို ဂုဏ်ပြုမှတ်တမ်း တင်ထားသည့် Master Athletics ကမ္ဘာ့စံချိန် များကိုလည်း မီတာ ၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ၊ ၈ဝဝ၊ ၁၅ဝဝ၊ ၃ဝဝဝ၊ ၅ဝဝဝ၊ ၁မိုင် မာရသွန် စသည့် တာတို၊ တာလတ်၊ တာဝေး အပြေးပြိုင် ပွဲစဉ်အားလုံးတွင် ရယူ ပိုင်ဆိုင်ထားနိုင်သူ ဖြစ်ပါသည်။ 

အသက် ၉၂ နှစ်အရွယ် ၂ဝဝ၃ တိုရွန်တို မာရသွန် ပြိုင်ပွဲ ကတည်းက ကမ္ဘာ့ အသက်ကြီးဆုံး မာရသွန် အပြေးသမား အဖြစ် မှတ်တမ်းဝင်ခဲ့သော ဆင်းမှာ ဂင်းနစ် စံချိန်များ စာအုပ်တွင်မူ ထည့်သွင်း ခံရခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် မွေးစာရင်း မပြနိုင်သဖြင့် ၎င်း၏ မွေးသက္ကရာဇ်ကို ကမ္ဘာ့စံချိန်များ စောင့်ကြည့်ရေး အဖွဲ့က အသိအမှတ် မပြု ခဲ့ခြင်းကြောင့်
ဖြစ်ပါသည်။ ဆင်း၏ ငယ်ဘဝ မှတ်တမ်းမှာ မှတ်တမ်း တင်ထားမှု နည်းသဖြင့် မှုန်ဝါးဝါးသာ သိရပြီး မွေးရပ် ရွာကလေးတွင် ဇနီး ဖြစ်သူနှင့် ဒိုးတူပေါင်ဖက် လယ်ယာလုပ် ကိုင် ခြင်းဖြင့် အသက်မွေးခဲ့သည် ဆိုသော်လည်း ဇနီး ကွယ်လွန်ပြီး နောက် ၁၉၉၂၊ အသက် ၈၁ နှစ် အရွယ်တွင် မွေးရပ်မြေကို စွန့်ခွာကာ သားဖြစ်သူနှင့် အတူ လန် ဒန် ရွှေမြို့ တော်သို့ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ အခြေချ နေထိုင်ခဲ့ခြင်း ကိုသာ သိရပါသည်။ လန်ဒန်သို့ ရောက်ပြီး မကြာမီမှာပင် သားအကြီးဆုံး ကွယ်လွန်သွားပြန် သဖြင့် အနီးကပ် ပြုစု စောင့်ရှောက်မည့်သူ မရှိသည့် အထီး ကျန်ဘဝ ရောက်ခဲ့ရ ပါသည်။ 

ထိုအချိန်မှ စ၍ ဆင်း၏ ဘဝလမ်းကြောင်း ပြောင်းလဲသွားခဲ့ပြီး အပြေးသမား တစ်ဦး အဖြစ် အထီးကျန် ဆန်မှုကို ဖြေဖျောက်ခဲ့ရ ပါသည်။ ပန်ချာပီ စကားသာ ပြောတတ်ပြီး စာရေးစာဖတ် တတ်ခြင်း မရှိသော ဆင်းမှာ ဇာတိရွာ ကလေးမှာ ကတည်းက ကျန်းမာရေး အတွက် အပြေး
လေ့ကျင့်ခန်း မှန်မှန်လုပ်ခဲ့သူ ဖြစ်သဖြင့် သက်ကျားအိုများသာ ယှဉ်ပြိုင်ရသော စိန်ခေါ်ပွဲများတွင် အမြဲစံချိန် ကောင်းခဲ့ ပါသည်။ 

ပထမတွင် တာ တိုနှင့် တာလတ် ပြေးပွဲများသာ ဝင်နွှဲ ခဲ့သော်လည်း
နောက်ပိုင်း၌ တာဝေးပြေး ပြိုင်ပွဲများ ဝင်နွှဲကာ အသက် ၈၉ နှစ် အရွယ်တွင်မူ မာရသွန်ပြိုင်ပွဲ ဝင်ရောက် ဆင်နွှဲခဲ့ပါသည်။ ပထမဆုံး ပြိုင်ပွဲအဖြစ် ၂ဝဝဝ လန်ဒန် မာရသွန် ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိ အချိန်ထိ လန်ဒန် မာရသွန် ငါးကြိမ်၊ တိုရွန်တို မာရသွန် တစ်ကြိမ်၊ နယူးယော့ခ် မာရသွန် တစ်ကြိမ် အပါအဝင် ကမ္ဘာအနှံ့သို့ လှည့်လည်၍ မာရသွန် တစ်ဝက် ပြိုင်ပွဲများ၊ ခရီးဝေး အပြေးပြိုင်ပွဲများ ဝင်ရောက် ဆင်နွှဲခဲ့ပြီး ဖြစ်ပါသည်။ 

မာရသွန် ပြိုင်ပွဲ ၂၆.၂ မိုင် ခရီးတွင် ပထမ မိုင် ၂ဝ ကို အခက်အခဲ မရှိ ပြေးနိုင်ပြီးနောက် ၆ မိုင်ခရီးကိုမူ ဘုရား သခင်နှင့် စကားလက်ဆုံ
ပြောပြီး ပြေးပါသည် ဆိုသော ဆင်း၏ I run whiletalking to God ဆိုသော စကားမှာ ကမ္ဘာကျော်ခဲ့ ပါသည်။ အရပ် အမြင့် ၅ ပေ ၈ လက်မ၊ ကိုယ်အလေးချိန် ၁၁၅ ပေါင်ရှိသော ဆင်းက ခရီး မိုင်များစွာကို ပြေးနိုင်သည့် ကိုယ်ခန္ဓာ ကြံ့ခိုင်မှုနှင့် သက်ရှည်ကျန်းမာစွာ နေထိုင် နိုင်ခြင်း၏
နောက်ကွယ်မှ လျှို့ဝှက်ချက်ကိုလည်း ယခုလို ပြောခဲ့ပါသည်။

 ''ကျွန်တော် ဒီလောက်ထိ အသက်ရှည်ရှည်နဲ့ မာရသွန် ပြိုင်ပွဲတွေ ဝင်နွှဲနိုင်တယ် ဆိုတာ နေ့စဉ် စားသောက် နေထိုင်မှု ပုံစံက အဓိက ကျပါတယ်။ ကျွန်တော့်ရဲ့ စားသောက် နေထိုင်မှု ပုံစံ ပရိယာယ် မာယာ မရှိဘဲ အင်မတန် ရိုးရှင်းတာပါ။ အဓိက အကျဆုံး လျှို့ဝှက်ချက်ကတော့ ငယ်စဉ် ကတည်းက လတ်ဆတ်တဲ့ အသီး အရွက်ကိုသာ စားခြင်းနဲ့ အရက်သေစာ သောက်သုံးခြင်းကို လုံးဝ ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါ တယ်''ဟု ဆင်းက ဆိုခဲ့ပါသည်။ 

ငယ်စဉ် ကတည်းက သက်သတ်လွတ် စားခဲ့သော ဆင်း၏ နေ့စဉ် အစာမှာ ပေါင်မုန့် ကြမ်း၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ ဒိန်ခဲနှင့် နွားနို့တို့ သာ ဖြစ်ပြီး မီးဖြင့် ချက်ပြုတ်ကြော်လှော် ထားသော အကြော် အလှော်များနှင့် ထမင်းကို လုံးဝ စားခြင်းမရှိပေ။ ထို့အပြင် ချင်းဖြင့်
နှပ်ထားသော ရေနွေးကြမ်းကို အမြဲ သောက်သ လို နေ့စဉ်
ရေအမြောက်အမြား သောက်ခြင်းကိုလည်း မပျက်မကွက်
ဆောင်ရွက်ပါသည်။

နောက်ထပ် လျှို့ဝှက်ချက် များကတော့ အရာရာတိုင်းကို အကောင်းမြင်
စိတ် ဖြင့်သာ ရှုမြင်ပြီး စိတ်ဖိစီးမှု မခံ ခြင်း၊ အိပ်ရာ စောစောဝင်ခြင်းတို့
ဖြစ်ပါသည်။ စင်ကာပူမှ တစ်ဆင့် Chardi-kalaFun Run အပြေးပြိုင် ပွဲတော် ဝင်နွှဲရန် မလေးရှားသို့ ရောက်ရှိလာသူ ဆင်းက လူသား အများစုမှာ အသက် ၆ဝ ကျော်လာသည်နှင့် ''အင်း... ငါတော့ အသက်ကြီးပြီ။ ဘာမှမလုပ်နိုင်၊ အသုံးမဝင် တော့ဘူး''ဟု တွေးတောကာ စိတ်ဓာတ်ကျ ကျန်း မာရေး ချို့ယွင်း လာသော်လည်း မိမိ အနေဖြင့်မူ ယခု အချိန်ထိ ကိုယ့်ကိုယ်ကို အသက်ကြီးပြီဟု မယူဆကြောင်း၊ သေသည်အထိ အပြေးပြိုင်ပွဲများ ဝင်နွှဲသွားမည် ဖြစ်ကာ အဆိုပါ အပြေး အားကစား ကပင် ၎င်းအတွက် သက်ရှည် ကျန်းမာစေသည့် ဆေးစွမ်းကောင်းကြီး တစ်လက်ဖြစ်ကြောင်း
ပြောကြား ခဲ့ပါသည်။

နောက်ဆုံး အနေဖြင့် လူငယ် လူရွယ်များ အတွက် ဆင်း၏ ဆုံးမစကားကို
ဖော်ပြလိုပါသည်။ အဆိုပါ မှာတမ်းကတော့ ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေလိုလျှင် အားကစား တစ်ခုခု လိုက်စားရန်နှင့် 
မူးယစ် ထုံထိုင်းစေသော အရက် သေစာနှင့် မူးယစ်ဆေးများ လုံးဝ မသုံးရန်တို့ ဖြစ်ပါသည်။

ဲမြ၀တီ
''အာရောဂျံ ပရမံလာဘံ'' ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဟု ဘုန်းတော် ကြီးမြတ်တော်မူသော ဗုဒ္ဓ မြတ်စွာ ဘုရားက ညွှန်း ဆို ဟောကြားခဲ့ပါသည်။ အလွန်တရာ လေး နက် လှသလို အမြဲထာဝရ မှန်ကန်နေမည့် သစ္စာ စကားတော် ဖြစ်ပြီး သာမန် ယထာဘူ တကျကျ ရိုးရိုးရှင်းရှင်းတွေးကြည့်လျှင်ပင် ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာမှုမှာ သာမည သာ ဖြစ်ပြီး ကျန်းမာခြင်းကသာ အဓိက ဖြစ်သည်ကို ကွက်ကွက် ကွင်းကွင်း မြင်နိုင် ပါလိမ့် မည်။

ကျန်းမာရေး ကောင်းမွန်မှသာ စားဝတ်နေရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး တို့ကို လုပ်ကိုင် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ကျန်းမာရေး မကောင်းဘဲ အိပ်ရာထဲ လဲနေလျှင်မူ ပိုက်ဆံ ဘယ်ရွေ့ဘယ်မျှ ရှိရှိ မည်သည့် အလုပ်ကိုမှ ကောင်းမွန် တည့်မတ်စွာ မလုပ်နိုင်ဘဲ အချည်းနှီး သာ ဖြစ်ပါ လိမ့်မည်။ ထိုမျှ အရေးကြီးသော ကျန်းမာခြင်းကို လူသားတိုင်းကလည်း မျှော်လင့်တောင့်တ ကြသည်သာ ဖြစ်ပါသည်။ သို့ရာ တွင် ကျန်းမာေ ရး ကောင်းလိုပါသည်ဟု ဆိုကာ တောင့်တ နေရုံမျှနှင့် မပြီးသေး။ လက်တွေ့ လိုက်နာကျင့်သုံး ရမည့် ဆောင်ရန်ရှောင်ရန် များစွာရှိပါသည်။ ကျန်းမာ ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်လိုသူများ မဖြစ်မနေလိုက်နာ ကျင့်သုံးသင့်သည့် ကျန်းမာရေး သော့ချက်များစွာ ရှိရာတွင် အားကစား လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ခြင်း၊ မည်သည့် အစာကိုမဆို ဝအောင်မစားဘဲ သင့်တင့်မျှတစွာ စားခြင်း၊ စိတ်နှလုံးကို ရွှင်စေသော ဂီတနှင့် ဦးနှောက် အသိဥာဏ် တိုးစေသော သုတ၊ ရသ စာပေများကို အချိန်ပေး နားထောင် ဖတ်ရှုခြင်း၊ စိတ်ဖိ စီးမှု မခံဘဲ အမြဲပြုံးရွှင်စွာ နေထိုင်ခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်း တို့မှာ အဓိက ကျသည့် သော့ ချက်များ ဖြစ်ပါသည်။

ထို့အပြင် မနက် အိပ်ရာထတိုင်း ရေ တစ်ခွက် သောက်ခြင်း၊ ပဲအမြဲ စားခြင်း၊ ရေနွေးကြမ်း အမြဲသောက်ခြင်း တို့မှာလည်း ကျန်းမာရေးသော့ချက်များ ဖြစ်ပါသည်။ အထက်ပါ သော့ချက်များကို လိုက်နာ ကျင့်သုံးခြင်း သည်ပင် ကျန်းမာ ပျော်ရွှင်သော ဘဝနေနည်း ဖြစ်ပါသည်။ လူသား တစ်ဦး၏ ပျမ်းမျှ သက်တမ်းမှာ နှစ် ၇ဝ ကျော် ၈ဝ နီးပါးသာဖြစ်သော်လည်း ကျန်းမာ ပျော်ရွှင်သော ဘဝနေနည်း အတိုင်း နေထိုင်မည် ဆို လျှင် အသက်ရာကျော် ရှည်မည် ဖြစ်ပါသည်။

အဆိုပါ ဘဝ နေနည်းကို လက်တွေ့ လိုက်နာပြီး ကျန်းမာ ပျော် ရွှင်စွာ နေထိုင်နေကြ သူများတွင် အသက် ၁ဝ၁ နှစ်ကျော် ရှိပြီဖြစ်သော ကမ္ဘာ့ အသက်အကြီးဆုံး မာရသွန် အပြေးသမားကြီး ဖော်ဂျာဆင်းလည်း တစ်ဦး အပါအဝင် ဖြစ်ပါသည်။ ပန်ချာပီ ခေါင်းပေါင်း အမြဲ ဆောင်းထား ပြီး ဆွတ်ဆွတ် ဖြူနေသည့် ရှည်လျားလှသော မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ပိုင်ရှင် ဆင်းမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ၂ဝ၁၂ စင်ကာပူ မာရသွန်ပြိုင်ပွဲ ၁ဝ ကီလိုမီတာ အပြေးပြိုင် ပွဲစဉ်တွင် ၎င်းထက် ဆယ်စုနှစ်များစွာ ငယ်ရွယ်သူများနှင့် အပြိုင်ဝင်နွှဲ ခဲ့သဖြင့် ၎င်း၏ ဘဝဖြတ်သန်းမှု သမိုင်းနှင့် သက်ရှည် ကျန်း မာစေသည့် လျှို့ဝှက်ချက်များမှာ ပရိသတ်များ အကြား စိတ်ဝင်တစား ပြောဆိုဆွေးနွေးစရာ ဖြစ်လာ ခဲ့ရပါ သည်။

ဆစ်ခ်လူမျိုး တစ်ဦးဖြစ်သူ ဆင်းကို ပထမ ကမ္ဘာစစ်ပင် မဖြစ်သေးမီ ၁၉၁၁၊ ဧပြီ ၁ ရက်တွင် အိန္ဒိယ နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်၊ ဂျာလန်ဟာ Beas Pind ဆိုသည့် ရွာကလေးတွင် မွေးဖွားခဲ့သဖြင့် ပြီးခဲ့သည့် ၂ဝ၁၂၊ ဧပြီ ၁ ရက်က အသက် ၁ဝ၁ နှစ် ပြည့်ခဲ့ပြီး ဖြစ်ပါသည်။ ၎င်း၏ လက်ရှိ အကောင်းဆုံး မာရသွန် စံချိန်မှာ ၂ဝဝ၃ လန်ဒန် မာရသွန် ပြိုင်ပွဲ၌ ပြေးခဲ့သည့် ၆နာရီ၊ ၂ မိနစ်ဖြစ်ပြီး ၂ဝဝ၃ တိုရွန်တို မာရသွန် ပြိုင်ပွဲတွင်လည်း ၅နာရီ၊ ၄ဝမိနစ်ဖြင့် အသက် ၉ဝ ကျော်သူများထဲမှ အကောင်းဆုံး စံချိန်ရှင်အဖြစ် မှတ်တမ်း ဝင်ခဲ့ပါသည်။ ထို့အပြင် ဆင်းမှာ အသက် ၃၅ နှစ်မှစ၍ ငါးနှစ်လျှင် တစ်ကြိမ်ကျ အသက် အုပ်စုနှင့် အကွာအဝေး အလိုက် အမြန်ဆုံး ပြေးနိုင်သူများကို ဂုဏ်ပြုမှတ်တမ်း တင်ထားသည့် Master Athletics ကမ္ဘာ့စံချိန် များကိုလည်း မီတာ ၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ၊ ၈ဝဝ၊ ၁၅ဝဝ၊ ၃ဝဝဝ၊ ၅ဝဝဝ၊ ၁မိုင် မာရသွန် စသည့် တာတို၊ တာလတ်၊ တာဝေး အပြေးပြိုင် ပွဲစဉ်အားလုံးတွင် ရယူ ပိုင်ဆိုင်ထားနိုင်သူ ဖြစ်ပါသည်။

အသက် ၉၂ နှစ်အရွယ် ၂ဝဝ၃ တိုရွန်တို မာရသွန် ပြိုင်ပွဲ ကတည်းက ကမ္ဘာ့ အသက်ကြီးဆုံး မာရသွန် အပြေးသမား အဖြစ် မှတ်တမ်းဝင်ခဲ့သော ဆင်းမှာ ဂင်းနစ် စံချိန်များ စာအုပ်တွင်မူ ထည့်သွင်း ခံရခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် မွေးစာရင်း မပြနိုင်သဖြင့် ၎င်း၏ မွေးသက္ကရာဇ်ကို ကမ္ဘာ့စံချိန်များ စောင့်ကြည့်ရေး အဖွဲ့က အသိအမှတ် မပြု ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ဆင်း၏ ငယ်ဘဝ မှတ်တမ်းမှာ မှတ်တမ်း တင်ထားမှု နည်းသဖြင့် မှုန်ဝါးဝါးသာ သိရပြီး မွေးရပ် ရွာကလေးတွင် ဇနီး ဖြစ်သူနှင့် ဒိုးတူပေါင်ဖက် လယ်ယာလုပ် ကိုင် ခြင်းဖြင့် အသက်မွေးခဲ့သည် ဆိုသော်လည်း ဇနီး ကွယ်လွန်ပြီး နောက် ၁၉၉၂၊ အသက် ၈၁ နှစ် အရွယ်တွင် မွေးရပ်မြေကို စွန့်ခွာကာ သားဖြစ်သူနှင့် အတူ လန် ဒန် ရွှေမြို့ တော်သို့ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ အခြေချ နေထိုင်ခဲ့ခြင်း ကိုသာ သိရပါသည်။ လန်ဒန်သို့ ရောက်ပြီး မကြာမီမှာပင် သားအကြီးဆုံး ကွယ်လွန်သွားပြန် သဖြင့် အနီး ကပ် ပြုစု  စောင့်ရှောက် မည့်သူ မရှိသည့် အထီး ကျန်ဘဝ ရောက်ခဲ့ရ ပါသည်။

ထိုအချိန်မှ စ၍ ဆင်း၏ ဘဝလမ်းကြောင်း ပြောင်းလဲသွားခဲ့ပြီး အပြေးသမား တစ်ဦး အဖြစ် အထီးကျန် ဆန်မှုကို ဖြေဖျောက်ခဲ့ရ ပါသည်။ ပန်ချာပီ စကားသာ ပြောတတ်ပြီး စာရေးစာဖတ် တတ်ခြင်း မရှိသော ဆင်းမှာ ဇာတိရွာ ကလေးမှာ ကတည်းက ကျန်းမာရေး အတွက် အပြေးလေ့ကျင့်ခန်း မှန်မှန် လုပ်ခဲ့သူ ဖြစ် သဖြင့် သက်ကျားအိုများသာ ယှဉ်ပြိုင်ရသော စိန်ခေါ်ပွဲများတွင် အမြဲစံချိန် ကောင်းခဲ့ ပါသည်။

ပထမတွင် တာ တိုနှင့် တာလတ် ပြေးပွဲများသာ ဝင်နွှဲ ခဲ့သော်လည်းနောက်ပိုင်း၌ တာဝေးပြေး ပြိုင်ပွဲများ ဝင်နွှဲကာ အသက် ၈၉ နှစ် အရွယ်တွင်မူ မာရသွန်ပြိုင်ပွဲ ဝင်ရောက် ဆင်နွှဲခဲ့ပါသည်။ ပထမဆုံး ပြိုင်ပွဲအဖြစ် ၂ဝဝဝ လန်ဒန် မာရသွန် ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိ အချိန်ထိ လန်ဒန် မာရသွန် ငါးကြိမ်၊ တိုရွန်တို မာရသွန် တစ်ကြိမ်၊ နယူးယော့ခ် မာရသွန် တစ်ကြိမ် အပါအဝင် ကမ္ဘာအနှံ့သို့ လှည့်လည်၍ မာရသွန် တစ်ဝက် ပြိုင်ပွဲများ၊ ခရီးဝေး အပြေးပြိုင်ပွဲများ ဝင်ရောက် ဆင်နွှဲခဲ့ပြီး ဖြစ်ပါသည်။

မာရသွန် ပြိုင်ပွဲ ၂၆.၂ မိုင် ခရီးတွင် ပထမ မိုင် ၂ဝ ကို အခက်အခဲ မရှိ ပြေးနိုင်ပြီးနောက် ၆ မိုင်ခရီးကိုမူ ဘုရား သခင်နှင့် စကားလက်ဆုံပြောပြီး ပြေးပါသည် ဆိုသော ဆင်း၏ I run whiletalking to God ဆိုသော စကားမှာ ကမ္ဘာကျော်ခဲ့ ပါသည်။ အရပ် အမြင့် ၅ ပေ ၈ လက်မ၊ ကိုယ်အလေးချိန် ၁၁၅ ပေါင် ရှိသော ဆင်းက ခရီး မိုင်များစွာကို ပြေးနိုင်သည့် ကိုယ်ခန္ဓာ ကြံ့ခိုင်မှုနှင့် သက်ရှည် ကျန်းမာစွာ နေ ထိုင် နိုင်ခြင်း ၏နောက်ကွယ်မှ လျှို့ဝှက်ချက်ကိုလည်း ယခုလို ပြောခဲ့ပါသည်။

''ကျွန်တော် ဒီလောက်ထိ အသက်ရှည်ရှည်နဲ့ မာရသွန် ပြိုင်ပွဲတွေ ဝင်နွှဲနိုင်တယ် ဆိုတာ နေ့စဉ် စားသောက် နေထိုင်မှု ပုံစံက အဓိက ကျပါတယ်။ ကျွန်တော့်ရဲ့ စားသောက် နေထိုင်မှု ပုံစံ ပရိယာယ် မာယာ မရှိဘဲ အင်မတန် ရိုးရှင်းတာပါ။ အဓိက အကျဆုံး လျှို့ဝှက်ချက်ကတော့ ငယ်စဉ် ကတည်းက လတ်ဆတ်တဲ့ အသီး အရွက်ကိုသာ စားခြင်းနဲ့ အရက်သေစာ သောက်သုံးခြင်းကို လုံးဝ ရှောင်ကြဉ်ခြင်း တို့ ဖြစ်ပါ တယ်''ဟု ဆင်းက ဆိုခဲ့ပါသည်။

ငယ်စဉ် ကတည်းက သက်သတ်လွတ် စားခဲ့သော ဆင်း၏ နေ့စဉ် အစာမှာ ပေါင်မုန့် ကြမ်း၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ ဒိန်ခဲနှင့် နွားနို့တို့ သာ ဖြစ်ပြီး မီးဖြင့် ချက်ပြုတ်ကြော်လှော် ထားသော အကြော် အလှော်များနှင့် ထမင်းကို လုံးဝ စားခြင်းမရှိပေ။ ထို့အပြင် ချင်းဖြင့်နှပ်ထားသော ရေနွေးကြမ်းကို အမြဲ သောက်သ လို နေ့စဉ်ရေအမြောက်အမြား သောက်ခြင်းကိုလည်း မပျက်မကွက်ဆောင်ရွက်ပါသည်။

နောက်ထပ် လျှို့ဝှက်ချက် များကတော့ အရာရာတိုင်းကို အကောင်းမြင်စိတ် ဖြင့်သာ ရှုမြင်ပြီး စိတ်ဖိစီးမှု မခံ ခြင်း၊ အိပ်ရာ စောစောဝင်ခြင်းတို့ဖြစ်ပါသည်။ စင်ကာပူမှ တစ်ဆင့် Chardi-kalaFun Run အပြေးပြိုင် ပွဲတော် ဝင်နွှဲရန် မလေးရှားသို့ ရောက်ရှိလာသူ ဆင်းက လူသား အများစုမှာ အသက် ၆ဝ ကျော်လာ သည်နှင့် ''အင်း... ငါတော့ အသက်ကြီးပြီ။ ဘာမှမလုပ်နိုင်၊ အသုံးမဝင် တော့ဘူး''ဟု တွေးတောကာ စိတ်ဓာတ် ကျ ကျန်း မာရေး ချို့ယွင်း လာသော်လည်း မိမိ အနေဖြင့်မူ ယခု အချိန်ထိ ကိုယ့်ကိုယ်ကို အသက်ကြီးပြီဟု မယူဆကြောင်း၊ သေသည်အထိ အပြေးပြိုင်ပွဲများ ဝင်နွှဲသွားမည် ဖြစ်ကာ အဆိုပါ အပြေး အားကစား ကပင် ၎င်းအတွက် သက်ရှည် ကျန်းမာစေသည့် ဆေးစွမ်းကောင်းကြီး တစ်လက်ဖြစ်ကြောင်း
ပြောကြား ခဲ့ပါသည်။

နောက်ဆုံး အနေဖြင့် လူငယ် လူရွယ်များ အတွက် ဆင်း၏ ဆုံးမစကားကိုဖော်ပြလိုပါသည်။ အဆိုပါ မှာတမ်းကတော့ ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေလိုလျှင် အားကစား တစ်ခုခု လိုက်စားရန်နှင့် မူးယစ် ထုံ ထိုင်းစေသော အရက် သေစာနှင့် မူးယစ်ဆေးများ လုံးဝ မသုံးရန်တို့ ဖြစ်ပါသည်။

ဲမြ၀တီ

No comments:

Post a Comment