Monday 15 October 2012

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ငါးဦး အစားထိုး ပြောင်းလဲ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နေပြည်တော်မှ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ငါးဦး အစားထိုး ပြောင်းလဲခြင်း၊ ကြေညာချက်အမှတ် (၄၀/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက် (၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်တွင် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ငါးဦးကို အမည်စာရင်း ပြောင်းလဲလိုကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ၂၀.၁.၂၀၁၁ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၃/၂၀၁၁) နှင့်၂၀.၁၀.၂၀၁၁ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၅၆/၂၀၁၁) တို့တွင် ဖော်ပြထားသည့် (၁) ကချင်ပြည်နယ်လွှတ်တော်၊ ကြည်း ၃၃၂၃၀ ဗိုလ်မှူးရာဇာလှိုင် (အစား) ကြည်း ၂၈၃၂၄ ဗိုလ်မှူးကျော်ဝင်း၊ (၂) တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၊ ကြည်း ၂၇၃၂၈ ဗိုလ်မှူးစောအောင်သိုက် (အစား) ကြည်း ၂၉၁၃၂ ဗိုလ်မှူးကျော်သူဝင်း၊ (၃) ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ကြည်း ၃၃၂၀၉ ဗိုလ်မှူးမြတ်ကိုကို (အစား) ကြည်း ၂၄၈၆၀ ဗိုလ်မှူးထိန်ဝင်း၊ (၄) ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ကြည်း ၃၃၂၁၉ ဗိုလ်မှူးကျော်ဇင်ထက် (အစား) ကြည်း ၂၆၁၆၆ ဗိုလ်မှူးဇော်လွင်၊ (၅) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ကြည်း ၃၃၁၂၃ ဗိုလ်မှူးအောင်အောင် (အစား) ကြည်း ၂၅၂၄၅ ဗိုလ်မှူးကျော်ဇင်ဦး စသည့် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ငါးဦးတို့အား ယှဉ်တွဲဖော်ပြပါအတိုင်း အစားထိုးပြောင်းလဲလိုက်သည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment