Monday 15 October 2012

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၏ ရှင်းလင်း ပြောကြားချက်

(Sky Net - Up to Date တွင် ထုတ်လွှင့်မှုမှ)

(ဒုတိယဝန်ကြီး) နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန နဲ့ အစ္စလ်ာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC တို့အကြား ရခိုင်ပြည်နယ် လူသားချင်းစာ နာထောက်ထားသည့်အကူအညီများ ပေးအပ်သွားရေး ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို (၁၁-၉-၂၀၁၂) ရက်နေ့ မှာ နတလဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

(Sky Net) ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လက်မှတ်ရေးထိုးခဲ့တယ် ဆိုတာကိုလည်း ရှင်းပြပေးစေ လိုပါ တယ်။

(ဒုတိယဝန်ကြီး) ပထမအချက်ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနဲ့ OIC တို့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ အကူအညီ လိုအပ်နေ တဲ့ နှစ်ဖက် အဖွဲ့အစည်းများမှ လိုအပ်ချက် ရှိသူများ အားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီများကို လူမျိုး-ဘာသာ ခွဲခြားမှု မပြုဘဲ ထောက်ပံ့ခြင်းများ ဆောင်ရွက်ရန် ရည်ရွယ်ပြီးတော့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ ဆောင်ရွက်နေတဲ့ လုပ်ငန်း အားလုံးဟာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ကုလသမဂ္ဂ လက်ေ အာက် ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များ၊ နိုင်ငံ တကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်မှုနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရာမှာ စနစ်တကျနဲ့ အဆင်ပြေချောမွေ့စေရေး အစီအစဉ် လုပ်ငန်းလမ်း ညွှန်ချက် နဲ့ အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် OIC အဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာ အကူအညီနဲ့ အာဟာ ရ၊ ဆေးဝါး အကူအညီ၊ နေအိမ်၊ ရေနဲ့ သန့်ရှင်းရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ အရေးပေါ်ကယ် ဆယ်ရေး နဲ့ ပြန်လည် ထူထောင်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ စတဲ့ လုပ်ငန်းများစွာ ကို ဆောင်ရွက် လျက်ရှိတဲ့ လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများရဲ့ လုပ်ငန်း စဉ်များမှာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည် လို့ စာချွန်လွှာ အပိုဒ်(၅)မှာ အတိအလင်း ဖော်ပြ ထားပြီး ဖြစ်ပါတယ်။

(Sky Net ) ဟုတ်ကဲ့ပါ အဘ။ OIC ရုံး(၂)ရုံးကို ရန်ကုန်မြို့နဲ့ စစ်တွေမြို့တို့မှာ ဖွင့်လှစ်သွား မှာ ဖြစ်ေ ကြာင်း ပြည်သူများအကြားမှာ ပြန့်နှံ့လျက် ရှိပါတယ်။ ဒီရုံး(၂)ရုံး ဖွင့်လှစ်ရေးနဲ့ ပတ်သက်လို့ရော ဖွင့်လှစ် ရန် အစီအစဉ် ရှိ-မရှိကို သိလိုပါတယ် အဘ။

(ဒုတိယဝန်ကြီး) OIC ရုံးဖွင့်လှစ်ရန် ကိစ္စနဲ့ ပတ်သက်လို့တော့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ အပိုဒ် (၆)မှာ အဆိုပါရည်ရွယ်ချက်များကို ပြီးမြောက်အောင်မြင်စေရန်နဲ့ OIC အား ရခိုင်ပြည်နယ်အတွင်း လုပ်ငန်း တာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်း များရဲ့ အဆင့်နဲ့ လျော်ညီတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ယာယီရုံး(၁)ရုံး ကို မြန်မာနိုင်ငံမှာ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် နတလက အကူအညီ ပေးရန်လို့ ဖော်ပြ ပါရှိပါ တယ်။

မူလသဘောတူညီထားတဲ့ ပစ္စည်းများ ထောက်ပံ့ကူညီမှု ရှိလျှင် အဆင်ပြေစေရန်အတွက် ရည် ရွယ်ပြီးေ တာ့ ယာယီရုံး(၁)ရုံး ဖွင့်လှစ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

ယခုအချိန်ထိလည်းပဲ OIC က တာဝန်ရှိသူများအနေနဲ့ မြန်မာနိုင်ငံမှာ ယာယီ ရုံး(၁)ရုံ ဖွင့်လှစ်ရေး နဲ့ပတ်သက်ပြီးတော့ ကမ်းလှမ်းလာမှုတွေ မရှိ သေးကြောင်း၊ ကမ်းလှမ်းလာပါက လည်း ပြည်သူလူထု ရဲ့ ဆန္ဒနဲ့ အညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
 
ref:skynet

No comments:

Post a Comment