Monday 15 October 2012

မြိတ်ခရိုင် တရားရုံကို ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ပြီး ဘိန်းစာမှုန့်ဖြူးသွားခဲ့တဲ့ ရမ်းကားမှုကြီး

Monday, October 15, 2012 မြတ်လေးငုံ 


၂၀၁၂ ခုနှစ် အောက်တိုဘာလ၊ ၁၂ ရက်နေ့ နေ့လည် တွင် မြိတ်မြို့ ခရိုင် နှင့် မြို့နယ် တရားရုံတွဲဖွင့်ထားသည့် ရုံးအား အမည်မသိ မူးယစ်ဆေးဝါး သမားများ တံခါး ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ပြီး ၊ စားပွဲခုံများဖျက်ဆီးပြီး ငွေ ၅၀၀၀၀ ကျပ် ယူဆောင်သွားသည့် အပြင် ဘိန်းစာမှုန့်များ ပစ်ဖြန်းထားခဲ့သည်ဟု နှီးစပ် ရဲတပ်ဖွဲံဝင်တစ်ဦးဆီမှ သတင်းရရှိပါသည်။


...တရားရေး မဏ္ဍိုင်ကိုတောင် အတင့်ရဲစွာတက်ရောက်ဖျက်ဆီးနေခြင်းသည် မြိတ်မြို့တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ချက်များတွင် ကြီးမားသည့် ချို့ယွင်းမှုများရှိနေပါသည်။ ဥပမာ- တရားရုံးရှေ့နေ ဦးသက်ဦးဆိုသူမှာ အတင့်ရဲစွာ တရာခံ အများစု နှင့် အချို့မှာ မတရား အမှုတွဲအတွင်းအတင်းဆွဲသွင်းပြီး အိမ်သို့ခေါ်ယူ ခြိမ်းခြောက်ပြီး ငွေတောင်းခံနေကြောင်း တရားသူကြီးများပင် ၄င်းအား ကြောက် ရွံ့နေရကြောင်း သိရပါသည်။

ဥပဒေ စိုးမိုးရေး ဆောင်ရွက်လျက်ရှိသည့် တရားရုံးပေါ်သို့တိုင် တက်ရောက်ရမ်းကားခဲ့သူများအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရပါသည်။

မြတ်လေးငုံ

No comments:

Post a Comment