Monday 15 October 2012

အမေရိကန် ပစိဖိတ်ဒေသ စစ်ဦးစီးမှူးနှင့် အဖွဲ့ မြန်မာပြည် ရောက်

အမေရိကန် စစ်တပ်မှ ပစိဖိတ် ဒေသဆိုင်ရာ စစ်ဦးစီးမှူး ဒု ဗိုလ်ချုပ်ကြီး Francis Wiercinski ဦးဆောင်ပြီး အရပ်ဘက် အရာရှိများနှင့် ၀ါရင့် စစ်အရာရှိများ ပါဝင်သော လူဦး ရေ ၃၀ ခန့်ရှိ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ 
ယင်းအဖွဲ့သည် မြန်မာ စစ်တပ်နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရေး လမ်းကြောင်းရှာဖွေသည့် အမေရိကန်ပြည်ထောင်စု၏ ဆောင်ရွက်နေဆဲ နောက်ဆက်တွဲ အစီအစဉ်များ ဖြစ်ကြောင်း Financial Times သတင်းတွင် ယမန်နေ့က ဖော်ပြထားသည်။ ယင်းအဖွဲ့သည် မြန်မာကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့မည်ဖြစ်သည်။

ref:ဧရာဝတီ

No comments:

Post a Comment