Tuesday 18 September 2012

"သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုမှာ ကိုင်ဆောင်ခဲ့တဲ့ "ခေါင်းဖြတ်သတ်ပါ" ဆိုတဲ့ သဘောထားဆိုင်းဘုတ်အပေါ် ဖြေရှင်းချက်တောင်းဆိုပြီ"


သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်ဆန္ဒပြမှုမှာ ကိုင်ဆောင်ခဲ့တဲ့ "ခေါင်းဖြတ်သတ်ပါ" ဆိုတဲ့ သဘောထားဆိုင်းဘုတ်အပေါ်   ဖြေရှင်းချက်တောင်းဆိုနေပြီ ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ အကြီးအကဲ Andrew Scipione ကလဲ ဒီလူတွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ထပ်လုပ်လာမယ် ဆိုရင် သူတို့ကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး တုန့်ပြန်သွားတော့မယ်လို့   ပြောဆို လိုက်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Barry O'Farrell က ၁၆ စက်တင်ဘာ မနေ့က သူ့ရဲ့ သက်ဆိုင်ရာဝန်ကြီးတဦးကို အဲလို ဖြေရှင်းချက် တောင်းဆိုလိုက်တာဖြစ်ပြီး ဒီနေ့ ၁၇ စက်တင်ဘာမှာ ပြန်လည်တင်ပြရမှာဖြစ်ပါတယ်။

မူဆလင်မိခင်တဦးက အဲဒီ ဆိုင်းဘုတ်ကို သူ့ရဲ့ခလေးငယ်လေးကို ကိုင်ခိုင်းပြီး ဓါတ်ပုံရိုက်နေတာကို မြင်ရတဲ့ သြစတြေးလျနိုင်ငံသားတွေသာမက တချို့မူဆလင်ဘာသာဝင်တွေပါ ဒေါသထွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဲဒီအမျိုးသမီးကို ရှာဖွေဖေါ်ထုတ်ဘို့လဲ အမိန့်ပေးလိုက်ကြောင်း သတင်းရရှိပါသည်။ 

ရဲတပ်ဖွဲ့ အကြီးအကဲ Andrew Scipione ကလဲ ဒီလူတွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ထပ်လုပ်လာ မယ်ဆိုရင်တော့ သူတို့ကို "အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး လိုက်ဖက်ညီစွာ တုန့်ပြန် သွားတော့မယ်"လို့ ပြောဆိုလိုက်ပါပြီး အကြမ်းဖက်ဆန္ဒပြချိန်မှာ ရဲအရာရှိတွေနဲ့ ပြည်သူတွေကို ထိခိုက်အောင် လုပ်ဆောင်ခဲ့သူတွေကိုလဲ လာရောက်အဖမ်းခံဘို့ သတိပေးလိုက်ကြောင်းသိရပါသည်။
တချိန်တည်းမှာပဲ ဒီလိုဆူပူမှုဖြစ်အောင် မက်ဆေ့တွေနဲ့ အဓိက လှုံ့ဆော်ပေးခဲ့သူတွေကို ဖေါ်ထုတ်ဖို့ ကြိုးစားနေပြီး အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူများ၊ တန်ပြန်ရေး အရာရှိများကို အသင့်အနေထား ရှိနေကြဖို့ တပ်လှန့်လိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

သြစတြေးလျနိုင်ငံရဲ့ အမေရိကန်သံအမတ်ကြီး Jeffrey Bleich ကတော့ သူ့ရဲ့လုံခြုံရေးအတွက် အမေရိကကို ပြန်မှာမဟုတ်ပဲ ဒီနိုင်ငံမှာ လုံခြုံမှုအပြည့်အဝရှိတယ်လို့ ငါယုံကြည်တယ်  ဟု  ပြောဆိုလိုက် ကြောင်း သိရှိရသည်။

No comments:

Post a Comment