Tuesday 18 September 2012

ကလေးမြို့ အကျဉ်းထောင်မှ လွတ်မြောက်လာသူ (၁၈) ဦးအနက် မြန်မာနိုင်ငံသား တစ်ဦးသာပါဝင်

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ကလေးမြို့ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၁၈ ဦးအနက် မြန်မာနိုင်ငံသား တစ်ဦးသာ ပါဝင်ကြောင်း သိရသည်။
လွတ်မြောက်ခဲ့သူများတွင် အိန္ဒိယ နိုင်ငံသား (၁၄) ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၃)ဦး ပါဝင်ခဲ့ပြီး ပုဒ်မ ၁၇/၁ ဖြင့် အကျဉ်းကျနေသော ချင်း တိုင်းရင်းသား တစ်ဦးပါဝင်ကြောင်း သိရပါသည်။ ကလေးမြို့ အကျဉ်းထောင်တွင် အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်းသား ကိုရန်ရွှေနှင့် ဗိုလ်မှူးကြီးဟောင်း တင်လှတို့မှာ လွတ်မြောက်ခြင်း မရှိသေးဟု သိရပါသည်။
 ref:EMG

No comments:

Post a Comment