Tuesday 18 September 2012

Apple ကား ( Apple i Car)



Apple မှာ မော်တော်ယာဉ် ထုတ်လုပ်ဖို့ အစီအစဉ်ရှိတာ မှန်ပေမယ့် ဘယ် ကားပုံစံနဲ့ ထွက်ရှိလာမယ်လို့ ဘယ်သူမှ မခန့်မှန်းနိုင်သေးပါဘူး။

ယင်းအတွက် စတိဗ်ဂျော့ဟာ Volkswagen က လူကြီးတွေနဲ့ တွေ့ဆုံခဲ့ ဖူးပါတယ်။ Apple အတွက် ကားဒီဇိုင်းအမျိုးမျိုး ဖန်တီးခိုင်းပြီး ခေါင်းစား ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူ ကျန်းမာရေးမကောင်းတော့ တဲ့ နောက်ပိုင်း Apple i Car -ပရောဂျက်ကို ယာယီရပ်နားထားပေမယ့် ကွယ်လွန်ချိန် မှာတော့ Tim Cook ဆက်ကြိုးပမ်းမယ်၊ မကြိုးပမ်းမယ်ဆိုတာ မသေချာ တာတော့ပါဘူး။

သို့ပေမယ့် နည်းပညာ ကုမ္မဏီတစ်ခုအနေနဲ့ အနာဂတ် လောင်စာ စွမ်းအင်ရှားပါး တဲ့ ခေတ်အတွက် ပစ္စည်းကိရိယာ အမျိုးမျိုးတော့ ကြိုတင် စမ်းသပ် ထုတ်လုပ်မြဲ ဖြစ်ပါတယ်။ ဒါကြောင့် Apple မှာလည်း အနာဂတ်အတွက် မော်တော်ကားလုပ်ရန် ဆန္ဒရှိတယ်လို့ အားလုံးယုံကြည်ထား ကြပါတယ်။

ပုံမှာ ပြထားတာကတော့ အီတလီလူမျိုး ဒီဇိုင်နာ Franco Grassi ရေးဆွဲ ထားတဲ့ Apple - i Car ဒီဇိုင်း ဖြစ်ပါတယ်။ 3D ဒီဇိုင်းပါရေးဆွဲပြီး အမှန် တကယ် ချပြတဲ့အချိန်မှာ ကမ္ဘာတစ်လွှားရေပန်းစားခဲ့ ပါတယ်။ ၂၀၁၀ခုနှစ် ဧပြီလတုန်း က ဖြစ်ပါတယ်။

သို့ပေမယ့် ယနေ့တိုင် ဒီဇိုင်းအားဖြင့် ထူးခြားလှပနေတဲ့ ယင်းကားကို Apple ရဲ့ မျိုးဆက်တစ်ခုဖြစ်ရန် လိုလားသူ အများအပြား ရှိနေပါတယ်။ 
 
ref:TechSpace Journal

No comments:

Post a Comment