Tuesday 18 September 2012

တယ်လီဖုန်းလိုင်းတစ်လိုင်းတိုးချဲ့လိုက်သည်နှင့် တိုင်းပြည်၏ ၀င်ငွေကို ဒေါ်လာ ၄၅၀၀ ခန့်တိုးပွားသည်ဟုဆို

တယ်လီဖုန်းလိုင်းတစ်လိုင်းတိုးချဲ့တပ်ဆင်လိုက်သည်နှင့်တစ်ပြိုင်နက် တိုင်းပြည်၏၀င်ငွေ (GDP) ကို အမေရိကန်ဒေါ်လာ ၄၅၀၀ ခန့်တိုးတက်သွားစေသည်ဟု ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြော ဆိုသည်။ မိုဘိုင်းဖုန်းလိုင်းတိုးတက်မှုသည် စီးပွားရေးဖွံ့ဖြိုးတက်မှုအတွက် သိသာထင်ရှားစေသော အချက်တစ် ချက်ဖြစ်စေပြီး မိုဘိုင်းဖုန်းများ၏ ကောင်းကျိုးရလဒ်များကို ဖွံ့ဖြိုးပြီး နိုင်ငံများထက် ဖွံ့ဖြိုးဆဲနိုင်ငံများက ပိုမိုအကျိုးကျေးဇူးခံစားရသည်ဟု ကျွမ်းကျင်သူများကပြောဆိုသည်။
 International Telecommunication Union (ITU) အဆိုအရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိန်ခေါ်မှုများသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စာမတက်သူပပျောက်ရေး၊ ပိုမိုကောင်းမွန်သောကျန်းမာရေးဝန်ဆောင် မှုများ ဖြည့်ဆည်းပေးရေးတို့ ဖြစ်ကြပြီး အဆိုပါစိန်ခေါ်ချက်များ ကိုဖြေရှင်းရန်အတွက် ဆက်သွယ်ရေး ကဏ္ဍ ကောင်းစွာသက်ဝင်လှုပ်ရှားရန်လိုအပ်သည်ဟုသိရသည်။ လက်ရှိကာလ၌ ပြည်တွင်း၏ မိုဘိုင်းဖုန်းအသုံးပြုမှုအင်အားသည် ၂၀၁၂ ခုနှစ်ဇွန်လအထိ ၂၈၅၅၅၄၀ လိုင်းတပ်ဆင်အသုံးပြုလျက်ရှိပြီး အော်တိုကြိုးဖုန်းလိုင်းအင်အားမှာ ၄၉၅၃၃၈ လိုင်းတပ်ဆင်အသုံးပြုလျက်ရှိသည်။ 
  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Reform Plan အရ ၂၀၁၃ - ၂၀၁၄ ခုနှစ်၌ တယ်လီဖုန်းလိုင်း ၁၀ သန်းကို ထပ်မံချထားပေးနိုင်မည်ဟု ခန့်မှန်းထားရှိသည်။ ဆက်သွယ်ရေးကဏ္ဍအနေဖြင့် ၂၀၁၂ - ၂၀၁၃ ခုနှစ်အတွင်း ကျပ်ငွေဘီလီလျံ ၉၀၀ ကျော်ကို နိုင်ငံအတွက်ရှာဖွေပေးသွားနိုင်မည်ဟု ခန့်မှန်းထား သည့် အပြင် တိုင်းပြည်ဝင်ငွေထောက်ပံ့မှုအနေဖြင့် ၂.၁ ရာခှိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး တိုးတက်မှု အနေဖြင့် ၁၀၅.၅ ရာခှိုင်နှုန်းခန့်ရှိမည်ဟု လည်းခန့်မှန်းထားသည်။
 
ref:IJ

No comments:

Post a Comment