Tuesday 18 September 2012

အကျဉ်းသားများလွှတ်မြောက်မှုအပေါ် ကိုထွန်းအောင်ကျော် နှင့် ကိုမိုးသီးဇွန်တို့မှ ပြောကြားချက်

ကိုထွန်းအောင်ကျော် (အမိမြေ ငြိမ်း ချမ်းမှုဖော်ဆောင်ရေးအဖွဲ့ ABSDF ပထမဆုံးဥက္ကဋ္ဌဟောင်း)
စက်တင်ဘာလ (၁၇)ရက် နေ့ မြန်မာနိုင်ငံထောင် အသီးသီး မှ လွတ်မြောက်ချမ်းသာခွင့်အကျဉ်းသား (၅၁၄)ဦး လွှတ်ပေးတယ်ဆို တဲ့ သတင်းအပေါ်မှာ ကိုထွန်း အောင်ကျော် ရဲ့သဘောထားကို သိရှိလိုပါတယ်။



ကျွန်တော့်သဘောထားက တော့ ဒီလိုလွှတ်ပေးတာကို ၀မ်း မြောက်ဝမ်းသာကြိုဆိုတယ်ဗျာ။   နောက်တစ်ခုက ဒီလိုနိုင်ငံရေး အကျဉ်းသားတွေအပြင် နှစ်ရှည် အပြစ်ဒဏ်ကို အပြင်းအထန် ကျ ခံထားရတဲ့ စီးပွားရေးနဲ့ကျတဲ့သူ တွေ ရာဇ၀တ်မှုနဲ့ကျတဲ့သူတွေကို လည်း အပြစ်ဒဏ်လျော့ပေါ့ပေး ပြီး လွတ်ချိန်တန်ရင် လွှတ်ဖို့ရှင်း ရှင်းပြောရရင် သုံးပုံနှစ်ပုံလျော့ ပေါ့ လွတ်မြောက်ဖို့ဘဲ နိုင်ငံရေး အကျဉ်းသားဆိုတာ တိုင်းပြည် တစ်ပြည်မှာ မရှိသင့် မရှိထိုက်တဲ့ အကျဉ်းသားထဲမှာပါတယ်။ရာဇ ၀တ်သားတွေကတော့ ရာဇ၀တ် မှု ကျူးလွန်လို့ကျရင် ကျမယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာက   တော့ နိုင်ငံရေးအရ သဘောမတူ တဲ့အတွက် ဒီအစိုးရက ဖိနှိပ်ပြီး ထိန်းသိမ်းထားတဲ့ သဘောဖြစ်တဲ့ အတွက် နိုင်ငံရေးအကျဉ်းသားတွေ လုံးဝ ၀မ်းမြောက်ရေးအတွက် ကျွန်တော်တို့လိုချင်ပါတယ်။နောက် တစ်ခု ရာဇ၀တ်သားတွေဆိုတဲ့ အပိုင်းမှာလည်း နိုင်ငံရေးအကျဉ်း သားတွေချည်းဘဲ မကြည့်ဘဲ ရာဇ၀တ်သားတွေဆိုတာကလည်း ရှင်းရှင်းပြောရရင် စနစ်ရဲ့သား ကောင်ပေါ့ဗျာ စနစ် ဆိုးကြီးရဲ့   အောက်မှာခံစားကြရင်းနဲ့ မိသားစု တွေ စားဝတ်နေရေး ပြေလည်ဖို့ အတွက် မလုပ်ချင်ဘဲနဲ့ ရာဇ၀တ် မှုတွေ ကျူးလွန်ခဲ့ရတာတွေရှိနိုင် တယ်။ဒါကြောင့်မို့ စနစ်နဲ့သား ကောင်ဖြစ်နေတဲ့ လူကောင်းကနေ လူဆိုးဘ၀ကို တွန်းပို့တဲ့ စနစ် ကြောင့်ဖြစ်လာတဲ့ လူတွေကိုလည်း အပြစ်ဒဏ်ကလျော့ပေါ့ဖို့ လွှတ် ပေးဖို့ စဉ်းစားသင့်တယ်လို့ ပြော ချင်ပါတယ်။

မိုးသီးဇွန်(အမိမြေငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့ ABSDF ဒုတိယမြောက်ဥက္ကဋ္ဌ)
ဟုတ်ကဲ့ ကျွန်တော်တို့ အခု လို အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာတဲ့အတွက် ၀မ်း သာပါတယ်။နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါလဲတော့ မသိ ဘူးပေါ့ဗျာ။ဒါပေမဲ့ ရာဇ၀တ် အ ကျဉ်းသားတွေရော နိုင်ငံရေး အ ကျဉ်းသားတွေရော လွတ်လာတာ ကို ၀မ်းသာပါတယ်။အခုလိုမျိုး   ပြန်လည်လွှတ်ပေးတဲ့အတွက်လည်း သက်ဆိုင်ရာ အာဏာပိုင်အစိုးရ ကို ကျေးဇူးတင်ကြောင်း ပြောချင် ပါတယ်။ကျွန်တော်တို့အခု ဒီကို လာတဲ့ အမိမြေငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့ရဲ့အဓိက နိုင်ငံရေး လုပ်ငန်းစဉ်တစ်ခုကလည်း အပစ် ခတ်ရပ်စဲရေးဖော်ဆောင်ရေးအဖွဲ့ ရဲ့ အဓိက နိုင်ငံရေးလုပ်ငန်းစဉ် တစ်ခုကလည်း အပစ်အခတ်ရပ် စဲရေးနဲ့ ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ပေါ့ ဗျာ။အခုလိုမျိုးနိုင်ငံရေး အကျဉ်း သားတွေ လွှတ်ပေးတဲ့အတွက် ၀မ်းသာပါတယ်။အကျဉ်းသား ဦးရေဘယ်နှစ်ယောက်လွတ်လာ ပြီဆိုတာ အတိကျ ကျွန်တော် မသိသေးဘူး။ကျွန်တော် မျှော်လင့် တာကတော့ အများစုပြန်လွတ် လာပါစေလို့ ဆုတောင်းပါတယ်။

No comments:

Post a Comment