Tuesday 18 September 2012

ဆူဇူကီးဖလားပြိုင်ပွဲအား ဒစ်ဂျစ်တယ် လက်မှတ်ဖြင့် ကြည့်ရှုနိုင်မည့် အကြောင်း သတင်းစာရှင်းလင်းမည်

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် အောက်တိုဘာလ ၅ရက် မှ ၁၃ရက် အထိလက်ခံကျင်းပပြုလုပ်မည့် 2012 AFF Suzuki Cup ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပွဲစဉ်များအား Digital Ticketing System ဖြင့်    ၀ယ် ယူကြည့်ရှုစေမည်ဖြစ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၁၉ရက် နံနက် ၁၁နာရီတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမ၌ ပြုလုပ်သွားမည်   ဖြစ်ကြောင်းသိရသည်။
ယင်းနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိကာ အသက် ၁၂ နှစ်အောက် ဘောလုံးကစားများအား ၄ ရက်ကြာ လေ့ကျင့်သင်ကြားပေးမည့် အင်္ဂလန်နှင့် လီဗာပူးလ် ဂန္ထ၀င် ကစားသမားဟောင်း John Barnes နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကိုလည်း နံနက် ၉း၃၀ အချိန်တွင် ကျင်းပပြု လုပ်မည် ဖြစ်ကြောင်းသိရသည်။
 
ref:popular

No comments:

Post a Comment