Tuesday 18 September 2012

အမေရိကန် စီးပွားရေးအဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ဖွယ်ရှိ

Tuesday, September 18, 2012
မြန်မာနှင့်ကုန်သွယ်ရေးလုပ်နေသောဘင်္ဂလားဒေခ်ျ့ နိုင်ငံမှတက်ကနက်ဘောင်တော်ဆိပ်ကမ်းကို လာရော က်လည်ပတ်ခဲ့သောအမေရိကန်စီးပွားရေးအဖွဲ့တစ်ဖွဲ့သည်ဘင်္ဂလာဒေခ်ျ့ခရီးစဉ် ပြီးဆုံးပါက မြန်မာ နိုင်ငံ ကို သွားရောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြန်မာ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် စစ်တွေသို့ သွားရောက်ဖွယ် ရှိကြောင်း  သိရသည်။အမေရိကန် စီးပွားရေး အဖွဲ့သည် ယမန်နေ့က နံနက် ၁၀ နာရီခန့်က  ဘင်္ဂလာဒေခ်ျ့ နိုင်ငံ  တက်ကနက် ဆိပ်ကမ်းကို သွားရောက်လည်ပတ်ခဲ့ပြီး လာမည့် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စီးပွားရေး အရ ရင်းနှီး မြုပ်နှံမူ ပြုလုပ်ရန် အမေရိကန် သံတမန် အဖွဲ့အား ဘင်္ဂလာဒေ ခ်ျ့ အစိုးရမှ တိုက်တွန်း ပြောကြားပြီးနောက် အဆိုပါ အဖွဲ့သည် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ စီးပွားရေး အခြေအနေများကို လာရောက်လေ့လာခြင်း ဖြစ်သည်။ တက်ကနက်ဆိပ်ကမ်းကို လာရောက်လည်ပတ် စဉ် မြန်မာနှင့် ကုန်သွယ်ရေး လုပ်နေသော ဘင်္ဂလီ ကုန်သည်ကြီးများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အခက်အခဲများကိုလည်း မေးမြန်း သွားခဲ့သည်ဟု သိရသည်။

အမေရိကန်နိုင်ငံမှ စီးပွားရေးအဖွဲ့မှာ စစ်တကောင်းဆိပ်နှင့် အိန္ဒိယနှင့်ဘင်္ဂလား နယ်စပ်ဂိတ်တခုဖြစ် သည့် ဘန်နာပူလ်သို့လည်း သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။တက်ကနက်ဆိပ်ကမ်းမှာ မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်ရာတွင် အဓိက ကုန်သွယ်နေသော ဆိပ်ကမ်း ဖြစ်ပြီး နိုင်ငံတော် ၀င်ငွေ အများအပြား ရရှိနေသာ ဆိပ်ကမ်းတစ်ခု ဖြစ်သည်။၎င်းတက်ကနက် ဆိပ်ကမ်းကို ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် လအတန်ကြာ ရပ်တန့်ခဲ့ပြီး နှစ်ဘက်နိုင်ငံ၏ နယ်စပ် စီးပွားရေးကို ထိခိုက်စေခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ အာရှပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်းဦးဆောင်သောအဖွဲ့ ရောက်လာပြီးနောက် ယခုစီးပွားရေး အဖွဲ့သည် တက်ကနက် မြို့ သို့ ရောက် လာေ သာ အဆင့်မြင့်ဆုံး စီးပွားရေးအဖွဲ့ ဖြစ်သည်။တက်ကနက်သို့ လာရောက်သော အမေရိ ကန် စီးပွားရေး အဖွဲ့နှင့် အတူ ဒက္ကားမြို့ရှိ  အမေရိကန် သံရုံးမှ နိုင်ငံရေးနှင့် စီပွားရေး ဆိုင်ရာ သံအရာရှိများ  လိုက်ပါလာကြောင်း သိရသည်။

narinjara.com

No comments:

Post a Comment