Saturday 1 September 2012

ဖားကန့်မှာ KIA ဆက်ကြေးကောက်ခံမှု တစ်နှစ်အတွင်း ကျပ်သိန်းပေါင်း ၃ သောင်းကျော်ရှိ

ဖားကန့်မှာ KIA ဆက်ကြေးကောက်ခံမှု တစ်နှစ်အတွင်း ကျပ်သိန်းပေါင်း ၃ သောင်းကျော်ရှိ

1 Sep 2012(သစ်ထူးလွင်)

တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ KIA အဖွဲ့မှ အဓမ္မခြိမ်းခြောက်ဆက်ကြေးကောက်ခံမှုတွေရှိနေ ကြောင်း သိရပါတယ်။ လက်ရှိ KIA ရင်း ၆ တပ်ရင်းမှူး လက်ထက်တင်ကို သိန်းပေါင်း ၃ သောင်းကျော်နေပြီလို့ သိရ ပါတယ်။
ကုမ္ပဏီအကြီးအသေး ဈေးဆိုင်မျိုးစုံ ကွမ်းယာဆိုင်မကျန် ကုမ္ပဏီမရှိတဲ့ အရောင်းအ၀ယ်သမား နောက်ဆုံးပွဲစားမကျန် အကုန်လုံး KIA ကို ဆက်ကြေးပေးရကြောင်း ဖားကန့်မြို့ခံတစ်ဦးက ပြောပြတယ်။
``KIA က စာနဲ့လှမ်းခေါ်တယ် ဘယ်လောက်ပေးပါဆို ပေးရတယ် တွေ့လား မင်းထက် ချမ်းသားတဲ့ကောင် တွေတောင်  ၆ ပေါက်ထဲ ထည့်ထားတာ မင်းတို့က ငါတို့အဖွဲ့အစည်းကို မလေးစားတာလား ပေးလဲပေးရတယ်၊ အချိန်းခြောက်လဲ ခံရတယ်´´ ကိုယ်တိုင် ဆက်ကြေးသွားဆောင်ခဲ့ရတဲ့ ဖားကန့်မြို့ခံက Myanmar News Now ကို ပြောပြပါတယ်။
ဖားကန့်မြို့နယ် ဆန်ခါရွာ အစိုးရစစ်တပ် ဂိတ်ဖြတ် ၁ ဖာလုံသာသာလောက်မှာရှိတဲ့ နယ်ခြားချောင်းကူးတံတား ကျော် လိုက်ရင် သူ KIA နယ်ထဲရောက်ရှိပြီး အဲ့ဒီနားက KIA စခန်းမှာ ဖားကန့်မြို့ ပြည်သူတွေ ဆက်ကြေးသွား ဆောင်ရတယ်လို့ ဆိုပါတယ်။
တဖက်ခြမ်းမှာရှိတဲ့ KIA စခန်းကို ပိုက်ဆံတွေ သိန်းပေါင်းများစွာ ဒီဆန်ခါစစ်တပ်ဂိတ်ကို ဖြတ်ပြီး သွားပေးတာကို အစစ်အဆေးမရှိ ဒီတိုင်း လွှတ်ပေးနေတာ ဘယ်လိုသဘောလဲဆိုတာ နိုင်ငံတော်အစိုးရရဲ့ သဘောကို လုံးဝ နားမလည်ဘူး၊ KIA ဆက်သွယ်မှု ၁၇/၁ ဖမ်းကြေးဆိုရင် ဖားကန့်တစ်နယ်လုံး ထောင်ချလိုက်ရုံဘဲရှိတယ်၊ နိုင်ငံတော် အစိုးရဟာ ဖားကန့်လူထုကို ပစ်ထားသလို ခံစားရကြောင်း ဖားကန့်မြို့ခံက Myanmar News Now ကို ပြောပြပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ KIA အဖွဲ့မှ အဓမ္မခြိမ်းခြောက်ဆက်ကြေးကောက်ခံမှုတွေရှိနေ ကြောင်း သိရပါ တယ်။ လက်ရှိ KIA ရင်း ၆ တပ်ရင်းမှူး လက်ထက်တင်ကို သိန်းပေါင်း ၃ သောင်းကျော်နေပြီလို့ သိရ ပါတယ်။

ကုမ္ပဏီအကြီးအသေး ဈေးဆိုင်မျိုးစုံ ကွမ်းယာဆိုင်မကျန် ကုမ္ပဏီမရှိတဲ့ အရောင်းအ၀ယ် သမား နောက်ဆုံးပွဲစားမကျန် အကုန်လုံး KIA ကို ဆက်ကြေးပေးရကြောင်း ဖားကန့်မြို့ခံတစ်ဦး က ပြောပြတယ်။
``KIA က စာနဲ့လှမ်းခေါ်တယ် ဘယ်လောက်ပေးပါ ဆို ပေးရ တယ် တွေ့လား မင်းထက် ချမ်းသား တဲ့ကောင် တွေတောင် ၆ ပေါက်ထဲ ထည့်ထားတာ မင်းတို့က ငါတို့အဖွဲ့အစည်းကို မလေးစားတာ လား ပေးလဲပေးရတယ်၊ အချိန်းခြောက်လဲ ခံရတယ်´´ ကိုယ်တိုင် ဆက်ကြေးသွားဆောင်ခဲ့ရတဲ့ ဖားကန့်မြို့ခံက Myanmar News Now ကို ပြောပြပါတယ်။
ဖားကန့်မြို့နယ် ဆန်ခါရွာ အစိုးရစစ်တပ် ဂိတ်ဖြတ် ၁ ဖာလုံသာသာလောက်မှာရှိတဲ့ နယ်ခြားချောင်းကူး တံတား ကျော် လိုက်ရင် သူ KIA နယ်ထဲရောက်ရှိပြီး အဲ့ဒီနားက KIA စခန်းမှာ ဖားကန့်မြို့ ပြည်သူတွေ ဆက်ကြေးသွား ဆောင်ရတယ်လို့ ဆိုပါတယ်။
တဖက်ခြမ်းမှာရှိတဲ့ KIA စခန်းကို ပိုက်ဆံတွေ သိန်းပေါင်းများစွာ ဒီဆန်ခါစစ်တပ်ဂိတ်ကို ဖြတ်ပြီး သွားပေးတာကို အစစ်အဆေးမရှိ ဒီတိုင်း လွှတ်ပေးနေတာ ဘယ်လိုသဘောလဲဆိုတာ နိုင်ငံတော်အစိုးရရဲ့ သဘောကို လုံးဝ နားမလည်ဘူး၊ KIA ဆက်သွယ်မှု ၁၇/၁ ဖမ်းကြေးဆိုရင် ဖားကန့်တစ်နယ် လုံး ထောင်ချလိုက်ရုံဘဲရှိတယ်၊ နိုင်ငံတော် အစိုးရဟာ ဖားကန့်လူထုကို ပစ်ထားသလို ခံစားရကြောင်း ဖားကန့်မြို့ခံက Myanmar News Now ကို ပြောပြပါတယ်။

No comments:

Post a Comment