Saturday 1 September 2012

ပုသိမ်ရေ ဘေးသင့် ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည်က ထောက်ပံ့ငွေပေးအပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပုသိမ်မြို့  ပြည်သူလွှတ်တော်
ကိုယ့်စားလှယ် ဦးဝင်းမြင့်တို.လိုက်ပါလျှက် ပုသိမ်မြို့ သို. စက်တင်ဘာလ ၁ ရက်နေ့  နံနက် (၁၀) နာရီ တွင် ရောက်ရှိခဲ့ ကြောင်း သိရသည်။

ယင်းနောက် ပုသိမ်မြို. အမှတ် (၁၂) ရပ်ကွက် နယ်မြေ ရေကြည်ဦး ရပ်ကျေး NLD ရုံးတွင် လည်းကောင်း  အမှတ်(၁၂) ရပ်ကွက်နယ်မြေ ရက်ကျေး NLD ရုံးတွင် လည်းကောင်း  ရေကြီးနစ်မြုပ်ရပ်ကွက်များ မှ ရေဘေးသင့် ပြည်သူများနှင့် တွေ.ဆုံပြီး   ရပ်ကွက်နှစ်ခုသို. ကော်မတီပွဲက ငွေကျပ် (၁၀)သိန်း စီထောက်ပံ့ ပေးခဲ့ ကြောင်း သိရသည်။

ယင်းငွေများမှာ NLD ပါတီ ပိုင်ငွေကြေး မဟုတ်ပဲ သူမကို ပြည်သူများ လှူဒါန်းထားသော ငွေဖြစ် မတည် ပေးခြင်းဖြစ်၍ စနစ်တကျ သုံးစွဲရန် မှာကြားခဲ့သည်။ ဆတ်လက် ၍ တိုင်းဒေသကြီး NLD
ပါတီ ရုံးသို. သွားရောက်ပြီ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင့်သိရသည်။

No comments:

Post a Comment