Saturday 1 September 2012

ရှာရာပိုဗာ၏ စေ့စပ်ကြောင်းလမ်းမှု ပျက်ပြား

နာမည်ကြီး ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာနှင့် ဆလိုဗေးနီး ယား ဘတ်စကက်ဘော ကစားသမား ဆရှာ ဗူဂျဆစ်တို့ ၏ စေ့စပ်ကြောင်းလမ်းထားမှု ပျက်ပြားသွားပြီဖြစ်ကြောင်း အီတလီနို င်ငံထုတ် အားကစားသတင်းစာ La Gazzetta dello Sport ကဆို သည်။ ရှာရာပိုဗာနှင့် ၎င်း၏ ဆက်ဆံရေးမှာ လွန်ခဲ့သည့် ၃ လကတည်းက ပြီးဆုံးခဲ့ပြီဟု ဗူဂျဆစ်က ပြောကြားကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြသည်။
သို့သော် စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်း၍ လမ်းခွဲရန် မည်သူက စတင်ခဲ့သည်ကိုမူ သတင်းစာက ပြောကြားထားခြင်း မရှိချေ။ ရှာရာပိုဗာနှင့် ဗူဂျဆစ်တို့သည် ၂၀၁၀ ခုနှစ်တွင် ချစ်သူများအဖြစ် စတင်လက်တွဲခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ယခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် ဗူဂျဆစ် ဘတ်စကက်ဘော ကစားရာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ လက်ထပ်မင်္ဂလာပွဲ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

No comments:

Post a Comment