Saturday 1 September 2012

Smerch ဒုံးကျည်များ ထုတ်လုပ်ရန် အိန္ဒိယနှင့် ရုရှား သဘောတူ စာချုပ်ချုပ်ဆို


အိန္ဒိယ နိုင်ငံသည် အကွာအဝေး ၈ဝ ကီလိုမီတာအထိ ပစ်ခတ်နိုင် သည့် Smerch ဒုံးကျည်များ ထုတ်လုပ်ရန်အတွက်  ရုရှား နိုင်ငံနှင့် သဘောတူ စာချုပ်တစ်ခုကို လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။

အိန္ဒိယ အစိုးရသည် ရုရှား နိုင်ငံမှ နည်းပညာ များအပေါ် အခြေခံ၍ ၎င်းဒုံးကျည် ငါးမျိုးကို ထုတ်လုပ် မည်ဖြစ်ပြီး နည်း ပညာအရ ပိုမို အစွမ်းထက်သည့် အဆိုပါ ဒုံးကျည်များအာ ပြည်တွင်း၌ ထုတ်လုပ်နိုင်မည် ဆိုပါက အိန္ဒိယနိုင်ငံ အနေဖြင့် အဆင့်မြင့် ဒုံးကျည် စနစ်ကို  ပိုင်ဆိုင်တော့မည် ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန က ပြောကြားခဲ့သည်။
ယခုအခါ အိန္ဒိယ တပ်မတော် တွင် အနည်းဆုံး Smerch ဒုံးကျည် တပ်ရင်း နှစ်ရင်းကို   ဖြန့်ချ ထားပြီး ဖြစ်သည်။   အိန္ဒိယ နိုင်ငံသည် အဆိုပါ ဒုံးကျည်များကို ပြည်တွင်း၌ ထုတ်လုပ်ရန် ရုရှားနိုင်ငံနှင့် လွန်ခဲ့သည့် နှစ်များစွာ အတွင်းကပင် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment