Saturday 1 September 2012

ပုသိမ်ရေဘေးသင့်ပြည်သူများအား ဒီချုပ်ဥက္ကဌ အလှူငွေသွားရောက်ပေးအပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (စက်တင်ဘာ ၁ရက်) တွင် ရေဘေးသင့်ဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်သို့ သွားရောက်ကာ ရပ်ကွက်တချို့အား အလှူငွေများပေးအပ် ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၅ နာရီခွဲတွင်... ရန်ကုန်မြို့မှ ထွက်ခွာလာပြီး ၉ နာရီ ၄၅ မိနစ်တွင် ပုသိမ်မြို့သို့ရောက်ရှိကာ အမှတ်(၁၂) ရပ်ကွက်နှင့် အမှတ်(၁၄) ရပ်ကွက်တို့သို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံပွဲပြုလုပ်ပြီးနောက် အလှူငွေ ၁၀ သိန်းကျပ်စီကို ပေးအပ်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့ရှိ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှ လူထုအား ၁၀ မိနစ်ကြာ မိန့်ခွန်းပြော ကြားခဲ့သည်။ 

ဓာတ်ပုံ- ဥက္ကာကိုကို

No comments:

Post a Comment