“ ရွှေဈေးကတော့ ဒီထက်တက် ဖို့ပဲ ရှိတော့တယ်” ဟု ၄င်းက ဆက်လက် ပြောကြား သည်။
လတ်တလော မြန်မာနိုင်ငံအတွင်း လည်ပတ်နေသော ရွှေများသည် မည်သည့် နေရာမှ ဝင်၍ မည်သည့်နေရာသို့ ထွက်ကြောင်း မေးမြန်းရာတွင် ပြန်လည်ဖြေဆိုရန် ဆန္ဒမရှိပါကြောင်း ရန်ကုန်မြို့ ရွှေပန်းထိမ် လုပ်ငန်းတစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
ယမန်နေ့အထိ ရွှေဈေး နှုန်း မှာ ကျပ် ခုနှစ်သိန်း ရှစ်သောင်းအထိ မြင့်တက်ပြီး ယနေ့ ဈေးနှုန်းမှာ ရှစ်သိန်း ခြောက်ထောင်ကျပ် အထိ မြင့်တက် လာ ရာ လေးရက် အတွင်း တစ်သောင်းလေးထောင်ကျပ် ဖြစ် လာကြောင်း ရွှေလုပ် ငန်းရှင် များ ထံမှ သိ ရသည်။
ကမ္ဘာ့ရွှေဈေး မှာလည်း အမေရိကန် ဗဟိုဘဏ် မှ အမေရိကန် ပြည်ထောင်စု အတွင်း အလုပ်လက်မဲ့နှုန်းများ များပြားသည်ဟူသော ကြေညာချက် ထုတ်ပြန်ပြီးနောက် စက်တင်ဘာလ ၁၂ရက်နေ့မှ စ၍ တစ်အောင်စလျှင် ဒေါ်လာ ၁၇၀၀ ကျော် မှ ၁၈၀၀ ကျော်သို့မြင့် တက်လာသည် ။
ref:thevoiceweekly
No comments:
Post a Comment