Monday 17 September 2012

အရေးပေါ်လှေကားပြုတ်ထွက်ခဲ့သော အလုံမြို့နယ်ရှိ တိုက်၏သက်တမ်းမှာ ခုနစ်နှစ်ဝန်းကျင်ခန့်သာရှိသေးကြောင်း သိရ

စက်တင်ဘာလ ၉ ရက်နေ့က အလုံမြို့နယ်ရှိ၊ ငုဝါလမ်းရှိတိုက် အမှတ် ၂၀၀၊ ခြောက်လွှာ/ဗ ၏ အနောက်ဘက် အရေးပေါ်လှေကားပေါ်၌ အသက် ၂၃ နှစ်အရွယ်ရှိ မသက်ထက်စံ ဖုန်းထွက်ပြောနေစဉ် အရေးပေါ်လှေကားပြုတ်ထွက်ခဲ့သည့် အလုံမြို့နယ်ရှိ တိုက်သက်တမ်းမှာ ခုနစ်နှစ်ဝန်းကျင်ခန့်သာ ရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ သိရှိရသည်။

''အဲဒီအရေးပေါ်လှေကာ ပြုတ်ထွက်သွားတဲ့ တိုက်ရဲ့ သက်တမ်းက ခုနစ်နှစ်နီးပါး ရှိတယ်။ တိုက်ကိုဆောက်တဲ့ ဆောက်လုပ်ရေးကတော့ သန်းထိုက်အောင်ဆောက်လုပ်ရေးကပါ''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ် ဦးက ပြောဆိုသည်။

တိုက်၏သက်တမ်းမှာ ခုနစ်နှစ်နီးပါးခန့်သာနေပြီး ရာသီဥတုဒဏ်ကြောင့် ဆွေးမြေ့နိုင်သည်ဆိုသော်လည်း သက်တမ်းမကြာသေးကြောင်း၊ ဆောက်လုပ်စဉ်ကတည်းက အဖြစ်သဘောမျိုး လုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြုတ်ထွက်သွားခဲ့ရခြင်းဖြစ် ကြောင်း၊ အမှန်တကယ် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ခိုင်ခံ့မှုမရှိသော ယင်းအရေးပေါ်လှေကားကို အသုံးပြုခြင်းဖြင့် ပိုမိုထိခိုက်စေနိုင်ကြောင်းကိုလည်း ရန်ကုန်မြို့နေ ပြည်သူများက ပြောကြားခဲ့သည်။

အရေးပေါ်လှေကားပြုတ်ထွက်ခဲ့သော တိုက်ဆောက်လုပ်သူကန်ထရိုက်အား မည်သို့အရေးရန်ရှိပါသလဲဟု မေးမြန်းရာတွင် မည်ကဲ့သို့ အရေးယူမည်ကို ဖြေဆို၍မရနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။

No comments:

Post a Comment