Friday 21 September 2012

စစ်ပွဲရပ်တန့်ရေး လမ်းလျောက်ဆန္ဒဖော်ထုတ်သူများ ရွှေဂုံတိုင်သို့ဦးတည်နေ

ရန်ကုန်၊ စက်တင်ဘာ-၂၁

ပြည်တွင်းစစ်ပွဲ ရပ်တန့်ရေးအတွက်လမ်းလျှောက်ဆန္ဒဖော်ထုတ်နေသော အဖွဲ့သည် ယခု တာမွေမြို့ နယ်ကျောက်မြောင်းအနီးရောက်ရှိနေပြီဖြစ်ကာ ရွှေဂုံတိုင်သို့ဦး တည်သွားနေကြောင်းသတင်းရရှိသည်။
ပြည်တွင်းစစ်ပွဲ ရပ်တန့်ရေးအတွက် လူမှုရေး အဖွဲ့အစည်းပေါင်းစုံ လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က ဆူးလေမြို့တော်ခန်းမရှေ့စုရပ်မှ တီရှပ်အပြာရောင် ('တစ်နိုင်ငံလုံး စစ်ပွဲရပ်'ဆိုသော စာတမ်းပါ တီရှပ်)များ ၀တ်ထားကြသည်။

နံနက် ၁၀ နာရီခွဲမှစတင်ကာ ဆူးလေမှ စထွက်လာကာ 'Peace for Substainable' စာတမ်းပါ တီရှပ်များ ၀တ်ဆင်ထားသည့် လူ ၅၀၀ ခန့်သည် ဆူးလေမှ မဟာဗန္ဓုလလမ်းအတိုင်း ဗိုလ်တထောင်ဘုရားလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ဗညားဒလလမ်း၊အနောက်ရွှေဂုံတိုင်၊ အရှေ့ရွှေဂုံတိုင်၊ လင့်လမ်း၊ ဓမ္မစေတီလမ်းတို့သို့ လမ်းလျှောက်ပြီး ပြည်လမ်းအတိုင်း
အင်းလျားကန်ပေါင်အနီးရှိ တံတားဖြူမှတ်တိုင်သို့ ချီတက်ကြမည်ဖြစ်သည်။

Myanmar Students Christian Movement အဖွဲ့သည် လှည်းတန်းမီးပွိုင့် တွင် ငြိမ်းချမ်းရေးသီချင်းသုံးပုဒ်ပါဝင်သော စီဒီချပ်များကို ဝေငှမည်ဖြစ်ပြီး ငြိမ်းချမ်းရေး စတစ်ကာများ လိုက်ကပ်ကြမည်ဖြစ်သည်။တေးရေးဆရာ ဦးရဲလွင်ဦးဆောင်သော ပန်းရဲ့လမ်းဂီတအဖွဲ့သည် စက်တင်ဘာ ၂၁ ရက်နေ့ ညနေ သုံးနာရီမှစတင်ကာ အင်းလျားကန်ပေါင်တွင် ငြိမ်းချမ်းရေးသီချင်းများ သီဆိုကြမည်ဖြစ်သည်။

ငြိမ်းချမ်းရေးလိုလားသူ အယောက်(၂၀၀) ခန့်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် နံနက် ၉ နာရီမှ ၁၂ နာရီအတွင်း သွေးလှူဒါန်းခြင်းပြုလုပ်ကြမည်ဖြစ်ကာ ပြီးဆုံးပါက အင်းလျားကန်ပေါင်ရှိ
တံတားဖြူမှတ်တိုင်သို့ လာရောက်ကြမည်ဖြစ်သည်။

စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီတွင် တံတားဖြူမှတ်တိုင်သို့ စုဝေးရောက်ရှိလာကြသော ငြိမ်းချမ်းရေး လိုလားသူအပေါင်းက ငြိမ်သက်ဆုတောင်းကြမည်ဖြစ်ပြီး ထိုအချိန်တွင် မိုးပျံပူပေါင်းများလွှတ်တင်ခြင်း၊ ချိုးငှက်များလွှတ်ခြင်း၊ စက္ကူစွန်များလွှတ်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကာသဘောထားကြေငြာချက်တစ်ခု ထုတ်ပြန်မည်ဖြစ်သည်။

ထိုသို့ဆုတောင်းနေစဉ်တစ်ချိန်တည်းမှာပင် ရန်ကုန်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများမှခေါင်းလောင်းများကို တပြိုင်နက်ထိုးကြမည်ဖြစ်ကြောင်းသိရသည်။
““တကယ်လို့ တစ်နေရာရာမှာ တားခဲ့လို့ရှိရင်လည်း အဲဒီနေရာမှာရပ်ပြီးတော့ ဆုတောင်းနေကြမယ်””ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ မဖြူအိသိန်းက ပြောသည်။
 
မူရင်းသတင်း-7days

No comments:

Post a Comment