Friday 21 September 2012

ဆိုက်ဘေးရီးယားဒေသ ဥက္ကာချိုင့်ဝှမ်းအတွင်း ဧရာမစိန်သိုက်ကြီးတစ်ခု တည်ရှိ


Friday 21st September 2012


ဆိုဗီယက်ပြည်ထောင်စု ခေတ်ကာလအတွင်း ဆိုက်ဘေးရီးယားဒေသရှိ ဥက္ကာချိုင့်ဝှမ်းတစ်ခု၌ ရှာဖွေတွေ့ရှိခဲ့ရသော စက်မှုလုပ်ငန်းသုံး စိန်သယံဇာတသိုက်သည် စက်မှုနည်းပညာ နယ်ပယ်ကို တော်လှန်ပြောင်းလဲ မှုများ ပေါ်ပေါက်စေနိုင်ကြောင်း ရုရှားသိပ္ပံပညာရှင်များက စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားသိပ္ပံအကယ်ဒမီ၏ အဆိုအရ ဆိုက်ဘေးရီးယား ဒေသ အရှေ့ပိုင်းပိုပီဂျိုင် ဥက္ကာချိုင့်ဝှမ်းအတွင်း၌ ခိုအောင်းနေသော
အလေးချိန် ကာရက် ထရီလီယံပေါင်းများစွာရှိသည့် စိန်သိုက်ကြီးသည် နည်းပညာပိုင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် သင့်လျော်မှုရှိကြောင်း သိရသည်။ ဥက္ကာစိန်များဟူ၍လည်း ခေါ်ဆိုကြသည့် အဆိုပါစိန်ရိုင်းများသည် သမားရိုးကျ စိန်များထက် နှစ်ဆပိုမို မာကျောခြင်းကြောင့် စက်မှုလုပ်ငန်းများအတွက် အထူးသင့်လျော်မှုရှိကြောင်း ရုရှားဘူမိဗေဒပညာရှင်တစ်ဦးက
ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၅ သန်းခန့်က ဧရာမဥက္ကာခဲ ၀င်ဆောင်မှုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အပူချိန်နှင့် ဖိအားကြောင့် ပိုပီဂျိုင်ဥက္ကာချိုင့်ဝှမ်း စိန်ရိုင်းများသည် ပြိုင်စံရှားသော မာကျောမှုဂုဏ်ရည်ကို ပိုင်ဆိုင်ထားကြကြောင်း ရုရှားသိပ္ပံပညာရှင်များက သုံးသပ်ခဲ့သည်။

Khit Lu Nge

No comments:

Post a Comment