Friday 21 September 2012

ခွင့်ပြုချက်မရဘဲ ပြည်တွင်းစစ်ပွဲများရပ်တန့်ရေး လမ်းလျောက်ဆန္ဒဖော်ထုတ်သူများကို စခန်း ၁၀ ခုတွင်အမှုဖွင့်

ရန်ကုန်၊ စက်တင်ဘာ-၂၁



ပြည်တွင်းစစ်ပွဲများရပ်တန့်ရေးအတွက် ယနေ့ လမ်းလျောက်ဆန္ဒဖော်ထုတ်ခဲ့ကြသူများအား ၄င်းတို့ဖြတ်လျောက်ရာလမ်းတစ်လျောက်ရှိ မြို့နယ်ရဲစခန်း ၁၀ ခုတွင်အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသည်။

"လမ်းလျောက်ဖို့အတွက်တင်တဲ့လျောက်လွှာထဲမှာပါတဲ့ ခေါင်းဆောင်တွေ ပြီးတော့နောက်ထပ်ဘယ်သူတွေပါမလဲဆိုတာကတော့ သူတို့ကိုစစ်ဆေးပြီးမှသိပါမယ်။ လျောက်လွှာတင်တုန်းက ၂၀၀ ခုတော့ တစ်ထောင်ကျော်သွားပါတယ်" ဟု ဦးမြင့်ဆွေက သတင်းထောက်များသို့ပြောကြားသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်၍ မီဒီယာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးတွင် ယခုကျင်းပလျက်ရှိသည်။

No comments:

Post a Comment