အနုပညာကိုဗန်းပြပြီး လိမ်လည်သူများ ရှိနေသည်ဟု အစည်းအရုံးဥက္ကဋ္ဌပြော
ရုပ်ရှင်၊
ဗီဒီယိုလောကထဲတွင် အနု ပညာလုပ်ငန်းကို ဗန်းပြကာ လိမ်လည် ငွေတောင်းနေသည့်
ဒါရိုက် တာများ ရှိနေသည်ဟု မြန်မာ နိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌမှ
ပြောသည်။ လိမ်လည်သူများသည် သရုပ်ဆောင် ဖြစ်လိုသူများကို ပညာပေးဇာတ်လမ်းများ
ရိုက်ကူး ပေးမည်ဟုဆိုပြီး ဆွဲဆောင် ခဲ့ကြခြင်းဖြစ် သည်ဟု ဦးဇင်ဝိုင်းမှ
ပြောသည်။
"ခံလိုက်ရတဲ့ သရုပ်ဆောင်သစ်များရဲ့တိုင်ကြားချက်အရ
အဲဒီလိမ်လည်ကြ သူတွေဟာ သရုပ်ဆောင် လုပ်မယ်ဆိုရင် ရှက်ကြော ဖြတ် ရမယ်။
ဒါရိုက်တာက တစ်ကိုယ်လုံးကို ပြသပါဆိုလျှင် ပြသနိုင်ရမယ်။ ညအိပ်၊
ညနေခေါ်တဲ့အခါ မှာလည်း သွားနိုင်ရမယ်။ စစချင်း နတ်တင်ဖို့
ငွေကျပ်ကိုးသောင်းခွဲတောင်းပြီး
ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းဆီ ကနေ လျှောက်လွှာတစ်စောင်ကို ကျပ်
တစ်သောင်းခွဲ ဆက်ကြေးပေး ရမယ် စတဲ့ လိမ်လည်တာတွေဖြစ်တယ်လို့ သိရတယ်" ဟု ၎င်းမှ
ပြောသည်။
အစည်းအရုံးမှ ယင်းကိစ္စကို စုံစမ်းခဲ့ပြီး
လိမ်လည်သူဒါရိုက်တာမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဒါရိုက်တာအခြေခံ
အလွှာအဖွဲ့မှာ အဖွဲ့ဝင်ထားခြင်းမရှိဟုလည်း
ဆိုသည်။
"ကျွန်တော်တို့ လောကသားလည်း မဟုတ်တဲ့အတွက် ခေါ်ယူသတိပေးတာမျိုး
မပြုလုပ်နိုင် ပါဘူး။ ဒီထက်ဆိုးဝါး လာပြီး နောင်ကို ကျွန်တော်တို့ လောက
ပြင်ပကဖြစ်စေ၊ အတွင်းကဖြစ်စေ၊ လူကို ဖြစ်စေ၊ ငွေကိုဖြစ်စေ အနုပညာကို
ဗန်းပြပြီး မတော်မတရားလုပ်တဲ့ လုပ်ငန်း များရှိခဲ့မယ်ဆိုရင်
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကို အချိန်မရွေးလာရောက်
သတင်းပေးပို့ကြပါလို့ မေတ္တာရပ်ခံပါ တယ်။ အဲဒီဒါရိုက်တာကို ကျွန်တော်တို့
အစည်းအရုံးကနေ တရားစွဲသွားပါမယ်" ဟု ဦးဇင်ဝိုင်းမှ ပြောသည်။
ဝါရင့်ဒါရိုက်တာတစ်ဦးဖြစ်သည့်
ဦး ဟိန်းစိုးမှလည်း "အဲဒါက မလုပ်ကောင်းတဲ့ အရာပေါ့။ ပြောမှသာ သိရတာ။
ကိုယ့်နယ်ပယ်မှာ ဒါမျိုးရှိမယ်တောင် မထင်ခဲ့ဘူး။ ဒီအတတ်ပညာကို
တကယ်လည်းမတတ်ဘဲ လိမ်လည်တာက ငွေကို လိုချင်တာပဲလား၊ မိန်းကလေး တွေဆီက
အခွင့်အရေးယူချင်တာပဲလားတော့
သေချာမပြောတတ်ဘူးပေါ့။ သရုပ်ဆောင်ဖြစ်ချင်တဲ့ မိန်းကလေးဘက်ကလည်း လိုတာပေါ့။
နာမည်မရှိတဲ့ ဒါရိုက်တာကို သွားချဉ်းကပ်တာ သူ့အမှားပဲ" ဟု သူ့အမြင်ကို
ပြောသည်။
ဦးဇင်ဝိုင်းမှ ရုပ်ရှင်အစည်းအရုံးအနေ နဲ့ သင်တန်းကော်မတီများဖွဲ့စည်းပြီး
မျိုးဆက်သစ်များအတွက် သင်တန်းပေး နေသည် ဟုဆိုသည်။ "အခုဆိုရင်လည်း
နိုင်ငံတကာက လာရောက်သင်ကြားတဲ့ အခမဲ့ သင်တန်း တစ်ခု ဖွင့်လှစ်ထားပါတယ်။
နောက်ဈေး နှုန်းတွေ သတ်မှတ်ပြီးဖွင့်လှစ်မယ့် သင်တန်းတွေ ကိုလည်း
တိတိကျကျကြေညာ ဖွင့်လှစ်မှာဖြစ်ပါတယ်" ဟုပြောသည်။
ref:myanmar times
No comments:
Post a Comment