Friday 21 September 2012

ငြင်းပယ်ခံခဲ့ရသော်လည်း ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဆန္ဒထုတ်ဖော်မည်

Friday, 21 September 2012


စက်တင်ဘာလ (၂၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် တောင်းခံစာကို နေပြည်တော် ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ငြင်းပယ်ခဲ့ကြောင်း သိရသည်။


ထိုကဲ့သို့ ငြင်းပယ်စာထုတ်ပြန်ခဲ့သော်လည်း စီတန်းလှည့်လည်မည့် အစီအစဉ်မှာ ပျက်ပြယ်သွားမည် မဟုတ်ကြောင်း ကချင်ငြိမ်းချမ်းရေး
ကွန်ယက်မှ ကိုဂျော်ဂွန်းက ဆိုသည်။

“ဘယ်လိုပဲကန့်ကွက် ကန့်ကွက် ကျွန်တော်တို့အစီအစဉ်ပျက်မှာ မဟုတ်ပါဘူး၊ ဆက်ပြီး ဆန္ဒပြမှာပါ “ ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်းက ပြောသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေအရ ထုတ်ပေးသော ခွင့်ပြုမိန့် အပြင် မြို့နယ်၏ လိုအပ်ချက်အရ သတ်မှတ်
ထားသော စည်းကမ်းချက်များနှင့် ငြိစွန်းနေခြင်းကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်
သည်ဟုလည်း သိရသည်။

အဆိုပါ ငြင်းပယ်ခြင်းနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၉)အရ အယူခံဝင်နိုင်ကြောင်း
ကိုလည်း သိရှိရသည်။

အဆိုပါကိစ္စနှင့် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း မရှိပေ။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ရန်ကုန်နှင့်နေပြည်တော်တွင်ပြု
လုပ်မည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့်ကို ငြင်းပယ်ခံခဲ့
ရသော်လည်း ကချင်ငြိမ်းချမ်းရေးကွန်ယက် နှင့်အခြားအဖွဲ့ဝင်များက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သွားကြမည်ဖြစ်သည်။

“သူတို့ကခွင့်မပြုဘူးလို့တော့ ပြောတယ်၊ ဘာလို့ခွင့်မပြုဘူးလဲဆိုတော့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးဆိုတာပဲ ပြန်ဖြေပါတယ် ဒါပေမဲ့ ကျွန်မတို့အနေနဲ့ ခွင့်ပြုသည်ဖြစ်စေ ၊ ခွင့်မပြုသည် ဖြစ်စေ လုပ်ဖို့ အစီအစဉ်
ရှိပြီးသားပါ။ “ ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့မှ မဖြူဖြူ ခေါန်တွယ်က
ပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဦးဆောင်ပြီးးရန်ကုန်မြို့နှင့် နေပြည်တော်တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းအာ သက်ဆိုင်ရာ အာဏာပိုင်များက ငြင်းပယ်ထားသည့်ကြားမှ အစီအစဉ်မပျက် ဆက်လက်
ဆန္ဒပြသွားမည်ကိုလည်း ထိုင်းနိုင်ငံရောက် ကချင်အဖွဲ့အစည်းများကထောက်ခ
အားပေးကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။

“ဒီလိုဆန္ဒပြရတာကလဲ ကိုယ့်ပြည်တွင်းမှာ မငြိမ်းချမ်းသေးတာကို ပြည်သူပြည်
သားအနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတာပဲ အကြမ်းဖတ်တာ မဟုတ်ဘူး၊ ရိုင်းပြတဲ့အပြုသဘောလည်း မဟုတ်ဘူး၊ အဲ့ဒါကြောင့် မြန်မာပြည်ငြိမ်းချမ်း ဖို့ နိုင်ငံတကာက အသိအမှတ်ပြုထား
တဲ့နေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြတာကို အားပေးပါတယ်။ “ဟု ကချင်အမျိုးသမီး
အစည်းအရုံး ထိုင်းနိုင်ငံမှ တာဝန်ခံ မွန်းနေလီ က ပြောသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ရပ်တန့်ရေးနှင့် ပဋိပက္ခများ ငြိမ်းချမ်းစေရန်အတွက် ရန်ကုန် နှင့် နေပြည်တော်တွင် ကချင်ငြိမ်းချမ်းရေး
ကွန်ယက်မှ ဦးဆောင်ဆန္ဒထုတ်ဖော်မည်ဖြစ်သော်လည်း ထိုင်းနိုင်ငံချင်းမိုင်မြို့
တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“ ခါတိုင်းနှစ်တွေကတော့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့နေ့မှာ ငြိမ်းချမ်းရေးအခမ်းအနား လုပ်ဖြစ်တယ်ပေါ့ ၊ ဒါပေမဲ့ဒီနှစ်တော့ ရက်ကအရမ်းနီးကပ်လာတာကြောင့် သတင်းစာရှင်းလင်းပွဲလောက်ပဲ လုပ်ဖြစ်မှာပါ။ သတင်းစာရှင်းလင်းပွဲကလည်း ရက်ရွှေ့ဖြစ်မယ်ထင်တယ်။ သိပ်တော့ မသေချာသေးဘူး “ ဟု မွန်းနေလီက ဆက်ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ရောက်ရှိနေသော ဘန်ကချင်အဖွဲ့အစည်းအနေဖြင့်
လည်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိလိုကြောင်းနှင့် မြန်မာနိုင်ငံအတွင်း ပြုလုပ်မည့် ကချင်ငြိမ်းချမ်းရေး
ကွန်ယက်မှ ငြိမ်းချမ်းစွာစုဝေးခွင့် ကို ထောက်ခံအားပေးကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။

“ကျွန်တော်တို့လဲ ငြိမ်းချမ်းရေးကို အလွန်လိုလားပါတယ်။ အခုလိုငြိမ်းချမ်းစွာ
စုဝေးပြီး ဆန္ဒဖော်ထုတ်တာကိုလည်း အားပေးတယ်။ သက်ဆိုင်ရာ
အာဏာပိုင်တွေက အခုလိုဆန္ဒထုတ်ဖော်ဖို့ စာတင်ထားတာတောင်မှ ငြင်းပယ်
တယ်ဆိုတာက သူတို့အကျင့်ပဲလေ “ ဟု Pan Kachin Development Society မှ ဒုတိယအတွင်းရေးမှူး ဂျုံဘိုင်းက ပြောသည်။

မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော စစ်ဘေးဒဏ်ကြောင့် ဒုက္ခသည်(၇)သောင်းဝန်းကျင်ခန့်ရှိပြီဖြစ်သည်။ စစ်ပွဲကြောင့် သေကျေကြ
သူမှာလည်း သောင်းဂဏန်းဝန်းကျင်အထိ ရှိလာကြောင်း ကချင်အဖွဲ့အစည်း
အချို့ထံက သိရှိရသည်။

မြစ်မခ

No comments:

Post a Comment