Friday 21 September 2012

မြန်မာနိုင်ငံ၏ အကြီးဆုံး ကားပြပွဲများ ကျင်းပမည်

Friday, September 21, 2012



အခုနှစ် ပွင့်လင်းရာသီမှာ အောက်တိုဘာလကစပြီး ဒီဇင်ဘာလအထိ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကားပြပွဲကြီးများကို ဆက်တိုက်ကျင်းပသွားမယ်လို့ သိရတယ်။ သည်ပြပွဲကြီးမှာ အိမ်သုံး၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ မီးစက်ကြီးများနဲ့ အခြားစက်ပစ္စည်းများကို အထူးလျှော့ဈေးနဲ့ ရောင်းချခြင်း၊ အရစ်ကျ ငွေချေးစနစ်နဲ့ ရောင်းချခြင်း၊ အင်တာနက်မှ တိုက်ရိုက်လေလံဆွဲပေးခြင်း၊ ဘဏ်နဲ့ ချိတ်ဆက်ပြီး ချေးငွေစနစ်နဲ့ ရောင်းချခြင်းအပြင် အိမ်တိုင်ရာရောက် မှာယူတင်သွင်း ရောင်းချပေးခြင်းတို့ ပြုလုပ်သွားမှာ ဖြစ်တယ်။

ဒါ့အပြင် ကားဘက်ထရီ၊ ကားတာယာ၊ ချောဆီအမျိုးမျိုး၊ ကားအလှဆင်ပစ္စည်းများနဲ့ အခြားကားပစ္စည်း မျိုးစုံကိုပါ ရောင်းချသွားမယ်လို့ သိရပါတယ်။

ပြပွဲရက်တွေက အောက်တိုဘာ ၂၇ ရက်ကနေ ၃၀ ရက်နေ့အထိကို ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်း (မြို့မကွင်းကြီး) မှာ တစ်ကြိမ်၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ အမ်စီစီခန်းမမှာ နိုဝင်ဘာလ ၁၆ ရက်ကနေ ၁၉ ရက်အထိ တစ်ကြိမ်နဲ့ ဒီဇင်ဘာလ ၂၂ ရက်ကနေ ၂၅ ရက်အထိ တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ပြုလုပ်သွားမယ်လို့ သိရကြောင်း
၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge
· · · a few seconds ago ·

No comments:

Post a Comment