Friday 21 September 2012

ဆက်သွယ်ရေးနှင့် အင်တာနက် လုပ်ငန်း ၀န်ဆောင်မှုအတွက် အဖွဲ့အစည်း ၅ ခုအား ပဏာမ ထပ်မံ ရွေးချယ်

Friday, 21 September 2012


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းရဲ့ ဆက်သွယ်ရေးနဲ့ အင်တာနက် လုပ်ငန်းများ ဆောင်ရွက်ဖို့
အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို တင်ဒါ ခေါ်ယူထားရာ မှာ တင်ဒါ တင်သွင်းတဲ့ အဖွဲ့အစည်း ၅ ခုကို ပဏာမ ထပ်မံရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပဏာမ ရွေးချယ် ထားတဲ့ အဖွဲ့အစည်း ၅ ခုဟာ ပြည်ပမှ နိုင်ငံတကာ အတွေ့အကြုံ ရှိတဲ့ အဖွဲ့အစည်းများ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးနဲ့ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တင်ဒါခေါ်ယူ ခဲ့ရာမှာ တင်ဒါ တင်သွင်းတဲ့ အဖွဲ့အစည်း ၆၄ ခုရှိခဲ့ပြီး အဲဒီထဲကမှ အဖွဲ့အစည်း ၁၁ ခုကို ရွေးချယ်ခဲ့ ပါတယ်။ အဆိုပါ အဖွဲ့အစည်း ၁၁ ခုထဲကမှ အခုအခါ မှာတော့ အဖွဲ့အစည်း ၅ ခုကို ထပ်မံ ရွေးချယ် သွားမှာ ဖြစ်ပါတယ်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ အဆိုပါ အဖွဲ့အစည်း ၅ ခုရဲ့ တင်ပြချက် တွေကို Presentation များ ပြုလုပ်ဖို့ အတွက် တွေ့ဆုံ သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ အဖွဲ့အစည်း ၅ ခုထဲမှ အဆင့်ဆင့် ရွေးချယ်မှု များလည်း ထပ်မံပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ ပြည်တွင်းရဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ၊ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများကို နိုင်ငံတကာ စံညွှန်းနဲ့ ကိုက်ညီပြီး ဈေးနှုန်း ချိုသာစွာနဲ့ ပွင့်လင်း မြင်သာပြီး ယှဉ်ပြိုင်မှုရှိတဲ့ ၀န်ဆောင်မှု လုပ်ငန်း
ဆောင်ရွက် နိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4




No comments:

Post a Comment