Friday 21 September 2012

ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့များ မြေနီကုန်း မှတ်တိုင်မှ ကျော်လွန်မသွားရန် တားမြစ်

အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှုးကြီး ဦးမျိုးအောင်နှင့် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင်များအား မြေနီကုန်းကားမှတ်တိုင်ရှေ့မှ ကျော်လွန်၍ သွားလာခွင့်လုံးဝမပြုရန် တားမြစ် လိုက်ပြီး သာမန်လမ်းလျှောက်သူများကိုပါ အဆိုပါတားမြစ်သည့်နေရာမှ ကျော်လွန်၍ မသွားရန် ဒုရဲမှုးကြီး ဦးမျိုးအောင်မှ ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။ 
ကွန်ယက်ဝင်များအနေဖြင့် မြေနီကုန်းကားမှတ်တိုင်ရှေ့တွင် ဆက်လက်ထွက်ခွာခြင်းမပြုဘဲ ရပ်တန့်ေ နကြောင်း   သတင်းရရှိသည်။

No comments:

Post a Comment