Tuesday 4 September 2012

ဒဂုံတက္ကသိုလ်ကျောင်းသားများ ကန့် ကွက်လွှာ

ယနေ. 3.9.2012 နံနက်ပိုင်း က ပညာရေးဝန်ကြီးဋ္ဌာန မှ ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်သည် ဒဂုံတက္ကသိုလ် သို.လာရောက်ခဲ့ရာ အံ့သြဖွယ်အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါသည်။ ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်ေ ရာက်လာလျှင် အတန်းထဲတွင် ကျောင်းသားများမရှိဘဲ အတန်းပျက်ကြကြောင်းကိုသိရှိသွားမည်ကို စိုးရိမ်သောကြောင့် မေဂျာအတွင်း ကျောင်းသားကျောင်းသူများ ရှိနေစေရန်ရည်ရွယ်လျက် နံနက်၁၀နာရီဝန်းကျင်မှ နေ.လည်၁၂နာရီအချိန်အထိ ကျောင်းသားကျောင်းသူ
များသည်မိမိတို.မေဂျာတွင်းမှအပြင်သို. ထွက်ခွာခွင့်မရရှိ ဘဲတားမြစ်ခံခဲ့ရပါသည်။ အချိုမေဂျာများဆိုလျှင် အဆောင်တံခါးကို ပိတ်ထားသည်အထိ အခြေအနေဆိုးရွားခဲ့သည်။ အချို့ဆရာမများဆိုလျှင် Tutorial(ကျူတိုရီရယ်)ဖြေနေသော ကျောင်းသားများကိုဒုဝန်ကြီးလာလျှင်Tutorial(ကျူတိုရီရယ်)ကိုစာရယ်ကိုအားကျိုးမာန်တက်ဖြေနေ ဟန်ဖြင့်နေကြရန် အကယ်ရ်ျစာမရပါကလည်း အရှေ့မှ ဖြေဆိုပြီးခဲ့သော စာများကို ပြန်လည်ကူးချနေရန် ကြိုတင်မှာကြားခဲ့ကြောင်းသိရပါသည်။ ထိုသို့ဖြစ်ပျက်ခဲ့သည်ကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အပြင်းအထန်ကန့်ကွက်ကြောင်း အသိပေးအပ်ပါသည်။ ဒီမိုကရေစီပညာရေးစနစ်သို့ ဦးတည်ချီတက်နေစဉ်မှာ ထိုသို့ပွင့်လင်းမှု မရှိသောအပြုအမူများမှာ မဖြစ်သင့်တော့ကြောင်း၊ ထိုသိုပြုမူလိုက်ခြင်းသည် လက်ရှိဒီမိုကရေစီ ပညာရေးစနစ် ကိုဖော်ဆောင် နေသော နိုင်ငံတော်သမ္မတကြီးနှင့် တာဝန်ရှိသူများကိုအခက်အခဲဖြစ်စေသည့်အပြင် လက်ရှိအဆင့်အတန်းနိမ့်နေသော ပညာရေစနစ်ကိုပြုပြင်ပြောင်းလဲရာတွင် များစွာ အခက်အခဲဖြစ်ေ စကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးမှပြောကြားခဲ့သည်

No comments:

Post a Comment