Tuesday 4 September 2012

နိုင်ငံပိုင်သတင်းစာများတွင် ပြည်သူ့ ဗဟိုပြု သတင်းများ ဦးစားပေး ဖော်ပြမည်

နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံ သတင်းစာ တွင် ပြည်သူများကို အသိပညာ၊ ဗဟုသုတ၊ ဖျော်ဖြေမှုနှင့် ရသစုံ လင်စွာ ပေးစွမ်းနိုင်ရန် ပြည်သူ့ ဗဟိုပြု သတင်းများကို ဦးစားပေး ဖော်ပြ သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာတွင် ရေးသား ထားသည်။
ထို့ပြင် ဌာနဆိုင်ရာများ၊ လူမှု အဖွဲ့အစည်းများ ၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများ အနေနှင့် ပြည်သူအများ သိစေလိုသော ထုတ်ပြန်ချက် သတင်းများ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ပါက မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတိုက် များသို့ ငွေကြေးပေးရန် မလိုဘဲ ဖိတ်ကြားနိုင်ပြီး နိုင်ငံနှင့် ပြည်သူ အကျိုးပြုမည့် သတင်းများကို ဦးစားပေး ဖော်ပြနိုင်မည် ဖြစ်ကြောင်းနှင့် ထူးခြားဖြစ်စဉ် သတင်းများ၊ သတင်းဆောင်းပါးများ၊ ကာတွန်းများကို လည်း ပေးပို့ နိုင်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့က အဆိုပါ သတင်းစာများ တွင် ဖိတ်ခေါ်ထားသည်။

ယင်းဖိတ်ခေါ်စာမှာ ပြည်ထောင်စု ဝန်ကြီးများ အပြောင်းအလဲဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ ဦးအောင်ကြည်အား ခန့်အပ်ပြီးနောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ ယခင်ကျောဖုံး၌ ဖော်ပြခဲ့သော လွှတ်တော် သတင်းများ လည်း ရှေ့ဖုံး၌ ဦးစားပေး ဖော်ပြလာသည် ကို မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် တွေ့ရသည်။

ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က အရပ်ဘက် လူ့အဖွဲ့အစည်းများကို စည်းမျဉ်းစည်းကမ်း များ ပြဌာန်း၍ ချုပ်ချယ် သွားမည် မဟုတ်ကြောင်း နှင့် မိမိဘာသာ ပြဌာန်း၍ မိမိဘာသာ စောင့်ထိ န်းနိုင်သော သိက္ခာရှိ အဖွဲ့အစည်းများ ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂ ရက်နေ့က ရုပ်ရှင် အစည်းအရုံးတွင် ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ပြည်တွင်း မီဒီယာ သမားများ ကြားတွင်လည်း ပုဂ္ဂလိကပိုင် သတင်းစာများ ထုတ်ဝေ ခွင့်ပြုရေး မျှော်လင့်လျှက် ရှိသည်။ မြန်မာ့အလင်း သတင်းနှင့် ကြေးမုံသတင်းစာ နှစ်ခုမှာ ဦးနေဝင်း ဦးဆောင်သော မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် ပြည်သူပိုင် သိမ်းခံခဲ့ရပြီး တပ်မတော် အစိုးရ လက်ထက်တွင် တပ်မတော်၏ လှုပ်ရှား ဆောင်ရွက်မှု သတင်းများကို ဦးစားပေး ဖော်ပြခဲ့သည်။

No comments:

Post a Comment