Tuesday 4 September 2012

လေကြောင်းရန်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု အီရန်ပြုလုပ်မည်

အီရန် နိုင်ငံသည် နိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို စမ်းသပ် သည့် အနေဖြင့် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ယခုလ နှောင်းပိုင်းတွင် စတင်ပြုလုပ်သွား မည်ဖြစ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ အကြီးအကဲ တစ်ဦးက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့ ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့် မှုတွင် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် ကြည်းတပ်မှ လေကြောင်းရန် ကာကွယ်ရေး စနစ်အားလုံးကို အသုံးပြု သွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်မှ အောက်တို ဘာ ၂၁ ရက်အထိ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ထို့အပြင် အီရန်၏ တိုက်လေယာဉ်များနှင့် ဗုံးကြဲ လေယာဉ်များ ကိုပါ လေ့ကျင့်ခန်းတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

လေ့ကျင့်မှုများ အတွက် အီရန် အနောက်မြောက် နယ်စပ်တွင် ရေဒါ၊ ဒုံးကျည်နှင့် အီလက်ထရွန်နစ် တပ်ဖွဲ့များ ချထားပြီး နိုင်ငံအတွင်းရှိ နေရာပေါင်း ၃ဝဝ ကျော်တွင် လက်နက်ပစ္စည်းများ တပ်ဆင်ထားကြောင်း သိရသည်။

အီရန်နိုင်ငံသည် နျူကလီးယား အဆောက်အအုံများ တည်ရှိရာနေ ရာများကို အဓိကထား ကာကွယ်သွား မည်ဖြစ်ပြီး အဆောက် အအုံများ၏ ပတ်ဝန်း ကျင်တွင် တပ်ဖွဲ့များချထားကြောင်း အဆိုပါ အကြီးအကဲက ပြောကြား ခဲ့သည်။ အီရန်နိုင်ငံသည် ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုများကို တစ်နှစ်လျှင်နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။

No comments:

Post a Comment