Tuesday 4 September 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ၊ အရှေ့အနောက်ခွဲခြား ဆက်ဆံခြင်းမပြုဘဲ အားလုံးနှင့် ရင်းနှီးစွာ ဆက်ဆံသွားမည်ဟု နိုင်ငံရေးမူဝါဒ ချမှတ်ထား ပါကြောင်း ပြောကြား

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ကနေဒါ နိုင်ငံ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေး ဝန်ကြီး H.E. Mr. Edward ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၃ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့် နှင့် ဦးလှထွန်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးအေးမြင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကပြောကြားရာ၌ ယခု ခရီးစဉ်သည် အဆွေတော်၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်မည် ထင်ပါကြောင်း၊ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး လာရောက်စဉ် ကလည်း လာရောက်တွေ့ဆုံ ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ နှင့် ပထဝီ အနေအထား ကွာဝေးသည့် ကနေဒါ နိုင်ငံမှ လာရောက် လည်ပတ်သည့် အတွက် ဝမ်းမြောက် ပါကြောင်း၊ နှစ်နိုင်ငံသည် ၁၉၅၈ ခုနှစ်ကပင် သံတမန် အဆက်အသွယ် ရှိခဲ့သည့် နိုင်ငံများ ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်နှင့် အဆွေတော်၏ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံ ရေးကို ပြန်လည် တံခါးဖွင့် ပေးသည့် ခရီးစဉ် ဖြစ်သည်ဟု ယူဆ ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ ကျင့်သုံးသည့် နိုင်ငံရေး စနစ် ပြောင်းလဲ သွားပြီဖြစ်ပြီး အရှေ့အနောက်  ခွဲခြား ဆက်ဆံခြင်း မပြုဘဲ အားလုံးနှင့် ရင်းနှီးစွာ ဆက်ဆံ သွားမည်ဟု နိုင်ငံရေး မူဝါဒချ မှတ်ထားပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများ ရှေ့ဆက် သွားမည်ဟု မျှော်လင့်ထားပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် ကနေဒါနိုင်ငံ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေး ဝန်ကြီးက ပြန်လည် ပြောကြား ရာတွင် သမ္မတ ကြီးက ယခုကဲ့သို့ နွေးထွေး လှိုက်လှဲ ပျူငှာစွာ ကြိုဆိုသဖြင့် ဝမ်းမြောက် ဂုဏ်ယူ ပါကြောင်း၊ မြန်မာနိုင်ငံ ၏ ဖြစ်ပေါ် တိုးတက်မှုများ တွင် သိသာ ထင်ရှားသည့် ပြောင်းလဲမှု မျိုးကို မြင်တွေ့ ခဲ့ရပါကြောင်း ၊  မြန်မာနိုင်ငံ တွင် သာမက ပြည်ပ နိုင်ငံများမှ ပုဂ္ဂိုလ်များ ကပါ သမ္မတ ကြီးသည် ပြုပြင်ပြောင်းလဲမှု များကို အဓိက နေရာက ဦးဆောင် ဆောင်ရွက်ခဲ့သည် ဆိုသည်ကို အမြင်ချင်း တူညီကြ ပါကြောင်းဖြင့် ပြောကြား သည်။

ယင်းနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားရာတွင် ကနေဒါ နိုင်ငံ အစိုးရက စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ပေး၍ ကျေးဇူး တင်ပါကြောင်း၊ ကနေဒါ နိုင်ငံ အော့တဝါမြို့၌ မြန်မာ နိုင်ငံသံရုံးကို ဖွင့်လှစ်နိုင်ရန် စီစဉ် နေပါကြောင်း၊ မြန်မာ နိုင်ငံသည် တည်နေရာ အနေအထား အရ ကြီးမားသည့် ဈေးကွက်ကြီး များနှင့် ဆက်စပ် နေပါကြောင်း၊ ထို့ကြောင့် လုပ်အားကို အခြေခံသည့် စက်ရုံ၊ အလုပ်ရုံများ၊ နိုင်ငံ ထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်လုပ် ပေးနိုင်မည့် စက်ရုံ၊  အလုပ်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် လိုပါကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်၍   သီးနှံထွက်ကုန် များကို အဆင့်မြှင့်တင် ရောင်းချ နိုင်သော အခွင့်အလမ်း များစွာ ရှိပါကြောင်း၊  ရော်ဘာ၊ ဆီအုန်း စသည့် စိုက်ခင်းများ များစွာ စိုက်ပျိုးထား သဖြင့် Down Stream Industry များ လာရောက် တည်ဆောက် နိုင်ပါကြောင်း၊ လာရောက် ရင်းနှီးမြှုပ်နှံ သူများကိုလည်း ဥပဒေဖြင့် အကာ အကွယ် ပေးနိုင်တော့ မည်ဖြစ် ပါကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြင့်လာအောင်  အဆွေတော်က ဆောင် ရွက်ပေး နိုင်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။ 

ဆက်လက်၍ ဧည့်သည်တော် ဝန်ကြီးက မြန်မာ နိုင်ငံတွင် စီးပွားရေး အခွင့် အလမ်းများ ရှာဖွေရန် အတွက် မိမိနှင့် အတူ ကုမ္ပဏီ ကိုယ်စားလှယ် အဖွဲ့(၂၆) ဖွဲ့ လိုက်ပါ လာကြပါကြောင်း၊ ကနေဒါ နိုင်ငံအစိုးရ အနေဖြင့် မိမိနိုင်ငံမှ ကုမ္ပဏီ များကို စံချိန် စံညွှန်းများ မြင့်မြင့် မားမား ချမှတ်ထားပြီး CSR စံချိန်စံညွှန်း များကိုလည်း သတ်မှတ် ထားပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက်   နိုင်ငံတော် သမ္မတက မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ စနစ်ကျင့်သုံးမှု ဆက်လက် ရှင်သန် ဖွံ့ဖြိုးရန် အတွက်  ကနေဒါ နိုင်ငံကဲ့သို့ ဒီမိုကရေစီ နိုင်ငံကြီး များ၏ အကူအညီ လိုအပ်ပါ ကြောင်း၊ နည်းပညာ မြင့်မားခြင်း မရှိဘဲ လွယ်ကူစွာ လုပ်ကိုင် ဆောင်ရွက် နိုင်မည့် အလုပ်ရုံ၊ စက်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံ နိုင်ရန် မျှော်လင့်ပါ ကြောင်း၊ ယင်းမှာ နိုင်ငံ၏ အခြေခံ လိုအပ်ချက် ဖြစ်ကြောင်း၊ အဆွေတော်၏ ခရီးစဉ် သည် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်မှု များစွာ ရရှိနိုင်မည် ဟု မျှော်လင့် ပါကြောင်း၊ ကနေဒါနိုင်ငံ အကြီးအကဲနှင့် အစိုးရအဖွဲ့ အကြီးအကဲတို့ ကျန်းမာ ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်း ဖြင့်ပြန်လည် ပြောကြားသည်။

ယင်းနောက် ဧည့်သည်တော် ဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် ကနေဒါနိုင်ငံ ကို ယုံကြည်စိတ်ချ ရသော မိတ်ဖက် နိုင်ငံ၊ မြန်မာပြည်သူ များအတွက် ယုံကြည် စိတ်ချရသော နိုင်ငံ အဖြစ်သတ်မှတ် စေလိုကြောင်း၊ မြန်မာ နိုင်ငံ၏ လူ့အခွင့် အရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကို အသိအမှတ်ပြုသည့် အနေဖြင့် စီးပွားရေး ပိတ်ဆို့ မှုများကို ရုပ်သိမ်း ခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် လာရောက်သည့် ကနေဒါ နိုင်ငံသား များအား ဆိုက်ရောက် ဗီဇာ ထုတ်ပေး စေလို ပါ ကြောင်းဖြင့် ပြော ကြားသည်။

ထို့နောက် နိုင်ငံတော် သမ္မတက မကြာမီ မြန်မာနိုင်ငံ၌ ကနေဒါ နိုင်ငံသံရုံး ဖွင့်လှစ်ပါက ဆိုက်ရောက် ဗီဇာ ကိစ္စကို ညှိနှိုင်း ဆောင်ရွက် ပေးသွား မည်ဖြစ်ပါ ကြောင်းဖြင့် ပြန်လည် ပြောကြား ခဲ့သည်။

No comments:

Post a Comment